ch 25

468 81 0
                                    

အခန်း ၂၅

       
လေဆင်နှာမောင်းကဲ့သို့ ပြိုင်ဆိုင်မှုက မြန်လွန်းလှသည်။
စုကျောင်း ရဲစခန်းကိုသွားခဲ့သည့် ကနေမျက်လုံးတစ်မှိတ်အတွင်းမှာပဲ စုကျိုး ဟေးဝူချန်ဆီက အလုပ်အကိုင်တွေ ခိုးယူတဲ့တိုက်ပွဲတစ်ခုဖြစ်လာမယ်လို့ ဘယ်သူကထင်လိမ့်မလဲ။
လျန်ရှီ နှင့် စုကျောင်းတို့ ထိတ်လန့်စွာကြည့်နေသော်လည်း အရှင် ဟေးဝူချန် က အေးစက်သောမျက်လုံးများနှင့် သူ့နှုတ်ခမ်းထောင့်များမှ လှောင်ရယ်နေလေသည်။ သူက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး

  “အလုပ်နဲ့ပတ်သက်တဲ့ တစ်ခုခု ပေး”

       
စုကျောင်း: "ဟင်?"
လဲ့ချန်၏ ရှည်လျားသော မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ၏ ပါးလွှာသည့်နှုတ်ခမ်းများက အနည်းငယ်ပွင့်လာသည်။

         "အလုပ်"

       
Su Jiao: "ဘာအလုပ်လဲ"

       
တစ်ဖက်မှာတော့ လျန်ရှီက ဒါကို သည့်မခံနိုင်တော့ဘဲ - "အဲ့မိန်းကလေး ရွှိန်ယွမ် လေ"
Su Jiao: “…”

ဟင်၊ အဲ့တာက အလုပ်မှမဟုတ်တာ   သူ့မှာ နာမည်ရှိတယ်မဟုတ်ဘူးလား!

       
ထို့အပြင် သူမသည် အမှန်တကယ် မသေနိုင် သေးပေ။
စုကျောင်း က သူ့ခေါင်းထဲမှာ သူ့ကို ကျိန်ဆဲတာကို ကြားလိုက်ရသလိုပင် လဲ့ချန် က သူ့ကို ဖျတ်ခနဲ ငုံ့ကြည့်လာ၏။

     "သူသေပြီ"

       
လျန်ရှီ မျက်မှောင်ကြုတ်ပြီး “သူ တကယ်သေပြီလား”

       
လဲ့ချန်- "သေပြီ။"

       
စုကျောင်း က ချက်ချင်း မတုံ့ပြန်ခဲ့။ အချိန်အတော်ကြာပြီးနောက် သူသည် တိုးတိုးလေးဖြင့် “ဒါဆို သူ့ကို မကယ်နိုင်တော့ဘူးလား…”

       
လူပျောက်သွားပြီဖြစ်သော်လည်း အလောင်းကိုတော့ ရှာတွေ့နိုင်သေးသည်။

       
စုကျောင်း က သူ့အိတ်ကပ်ထဲက လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းကာဗာကိုပေးလိုပ်သည်။

“ဒါဆို အလုပ်နဲ့ ပတ်သတ်တဲ့ တစ်ခုခုဆိုတာ  ကိုရွှိန်ယွမ်နဲ့ပတ်သတ်တဲ့ဟာ မဟုတ်လား? မင်းဘာလုပ်မှာမှန်းမသိပေမယ့် ဒီဖုန်းကာဗာက သူနဲ့သက်ဆိုင်တယ်။ ပြီးခဲ့တဲ့လက ငါ့အတွက် ကြိုဆိုတဲ့ ပါတီတစ်ခု လုပ်ပေးတုန်းက သူပေးခဲ့တဲ့  လက်ဆောင်ပဲ”

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now