ch 95

286 48 3
                                    

(ယူနန် ဟေးဝူချန်က မိန်းကလေး‌ပါတဲ့ အခုမှ သေချာသိလိုက်ရတာ တရုတ်ကနေ ဘာသာ တိုက်ရိုက်ပြန်တာမို့ တစ်ခါလေHe Sheတွေ ရောနေတာမို့ ယောင်္ကျားလေးလို့ထင်ခဲ့တာ ಥ⁠‿⁠ಥ )
   
   
အခန်း ၉၅
   
   

လျန်ရှီ ကျားတစ်ကောင်ကို နောက်ဆုံးတွေ့ခဲ့တာက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကပါ။

အဘိုးက သူ့အား စုကျိုးမြို့တိရစ္ဆာန်ရုံသို့ခေါ်သွားကာ ကျားများကိုကြည့်ရှုရန် တစ်နာရီခန့်စောင့်ဆိုင်းပြီးနောက်တွင် ကျားကြီး ဟိန်း ဟောက်ကာ ထွက်လာခဲ့ပြီး လူစုလူဝေးအား ဖျတ်ကနဲ ကြည့်လာခဲ့၏။ထို့နောက် နှာမှုတ်ပြီးနောက်  သူ့ရဲ့ကျောက်တုံးအိမ်ထဲသ်ို့ ဂုဏ်ယူစွာ ထွက်ခွာသွားခဲ့ပြန်သည်။

ယခုတော့ အမှောင်ထုက စိုးမိုးထားသော ရေကန်ကြီးပေါ်တွင် လရောင်က ကြည်လင်သောအရောင်ကို ရောင်ပြန်ဟပ်ကာ ရောင်စုံကျား၏ ခြေသည်းလေးကောင်ကို နာခံစွာ ဆုပ်ကိုင်ထားပြီး ခေါင်းကြီးကြီးကို စောင်းကာ မှိတ်ထားလိုက်သည်။

လျန်ရှီ: "..."

ကျားတွေ အများကြီးတော့ မတွေ့ဖူးဘူးဆိုပေမယ့်၊ ဒီကောင်က ကျား ရောဟုတ်ရဲ့လား ။ !

ကြောင်ကြီးက ရွှင်မြူးသောလေသံဖြင့် "သခင်၊ ဘာလို့ ကမ္ဘာမြေကမ္ဘာကို လာတာလဲ။"

ကံကြမ္မာလှည်းဘီးဘုရင် ၏တင်ပါးနောက်တွင် ပျော်ရွှင်စွာ ယိမ်းနွဲ့နေသော အမြီးကို လူတိုင်းမြင်လိုက်ရကာ ကြောင်အသွားလေပြီ

နောက်ထပ် အနီးကပ်ကြည့်ကြည့်ပါအုံးမယ်။

အိုး၊ တကယ်ကြီးဟ၊ ကံကြမ္မာလှည်းဘီးဘုရင်  က ကျားအမြီးကို တကယ်ရမ်းပြနေတာ။

“……”

မင်း ကျားမာနရောရှိသေးရဲ့လား။ ! !

အချိန်အတိုင်းအတာတစ်ခုအထိ လူတိုင်းဟာ သူတို့ရဲ့ နှလုံးသားထဲမှာ ခံစားချက်တွေ အမျိုးစုံ ရောထွေးနေခဲ့ကြလျက်။

တရားသူကြီး ချွေ့က ချောင်းဟန့်လိုက်ကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက် လေသည်။ လွန်၏ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်း သူနှင့် ကံကြမ္မာလှည်းဘီးဘုရင် တို့က ရင်းနှီး ခင်မင်ခဲ့ပြီး ဤကျားငပျင်းကို သူ့စိတ်ထဲတွင် လှောင်ပြောင်နေခဲ့သော်လည်း အလေးအနက်ထား၍ သူ့ သူငယ်ချင်းအဖြစ် သတ်မှတ်ထားခဲ့သည်ပင်။
   
ထို့အပြင် ကံကြမ္မာလှည်းဘီးဘုရင် က သူ့ကိုကယ်တင်ရန် ဤအချိန်၌ မရဏနိုင်ငံမှ လာရောက်ခဲ့ခြင်း မဟုတ်ပါလား။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now