အခန်း ၈၅
လျန်ရှီ ခေါင်းကို မော့လိုက်ပြီး ဘုရားကျောင်းရဲ့ အလယ်ဗဟိုရှိ ရုပ်တုကို တည့်တည့်ကြည့်လိုက်သည်။
"ဒါဘာကိုဆိုလိုတာလဲ?"
ဗိမာန်တော်ထဲ၌ ရုပ်ပွားတော်အား ဝန်းရံထားသော ယင်ရောင်စုံများ ထွက်ပေါ်နေဆဲ။ နတ်ဘုရားရဲ့ အသက်ဝင်လှသော ရုပ်ထုမှာ သူ့မေးခွန်းကို မဖြေဘဲ သနားစိတ်ဖြင့် မျက်လုံးကို ငုံ့ရင်း သူ့ရှေ့တွင် ဝမ်းနည်းပူဆွေးခြင်းမရှိရွှင်လန်းမရှိ ဒူးထောက်ဆုတောင်းနေသောမိန်းကလေးကို ကြည့်နေလေသည်။
လျန်ရှီ သူ့လက်ချောင်းတွေကို ဆုပ်ထားရင်း အခုဖြစ်ပျက်နေတာကို သူ နားမလည်ပေမယ့် သူ့ရှေ့က အရာအားလုံးဟာ ထူးဆန်းပြီးရင်း ထူးဆန်းနေခဲ့ပါသည်။
သူ့နှုတ်ခမ်းတွေကို တင်းတင်းကျပ်ကျပ် စေ့ထားရင်း လျန်ရှီ က ခြေလှမ်းလှမ်းပြီးတာနဲ့ တစ်စုံတစ်ယောက်က သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်၏။
လျန်ရှီ လှည့်ကြည့်လိုက်သည်။
လဲ့ချန်က လျန်ရှီ၏ လက်ကောက်ဝတ်ကို ကိုင်ထားပြီး သူ၏ နက်နဲသော မျက်လုံးများဖြင့် သူ့ကို အနီးကပ် စိုက်ကြည့်နေကာ "ဒါက သူ့ ရဲ့ ပိုင်နက်ပဲ ပဲ၊ မင်းဝင်သွားရင် မင်းသေတဲ့အထိ တိုက်ခိုက်လာလိမ့်မယ်"
ပိုင်နက်မှာ နတ်ဘုရားရဲ့ ဘုံဖြစ်သည်။ ယခုအချိန်တွင် ဧကရာဇ် ဝမ်စုန့်က သူ့ရဲ့ ဘုရားကျောင်း အနီးတစ်ဝိုက်တွင် သူ၏ကိုယ်ပိုင် ပိုင်နက် ကို တပ်ဆင်ထားပြီး မည်သူမျှ မဝင်ရပေ။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် လျန်ရှီ က ရပ်လိုက်ပြီး "ဒါဆို အခု ဘာဆက်ဖြစ်မှာလဲ" လို့ မေးလိုက်၏။
လဲ့ချန် ၏ မျက်လုံးများက ကျဉ်းသွားသော်လည်း ဤမေးခွန်းကို သူ မဖြေနိုင်ခဲ့ပေ။
ချက်ခြင်းဘော့စ် နှစ်ယောက် စကားများရန် နေဖြစ်ပုံရပြီး တရားသူကြီး ချွေ့ က တစ်ယောက် ပြယာ ခတ်သွားကာ သူ့စိတ်ထဲမှာ အကြံတစ်ခုရသွားလေ၏။ သူက ရှင်သန်ခြင်းနှင့် သေခြင်းဆိုင်ရာ ကျမ်းကို ကိုင်ဆောင်ရင်း
“အရှင်တို့ စိတ်ပူစရာ မလိုပါဘူး။ ဒီငယ်သားရဲ့ ထင်ကြေးပေးချက်အရ ဒီမိန်းကလေးရဲ့ ကံကြမ္မာက အဆိုးတွေအပြီးမှာ ကောင်းတာတွေလာမှာမို့ ပြဿနာမရှိသင့်ပါဘူး။
သူသေဆုံးရခြင်းအကြောင်းရင်းကို မှတ်တမ်းမတင်ထားတဲ့အပြင် ဧကရာဇ်ဝမ်စုန့်နဲ့ နက်ရှိုင်းစွာဆက်နွယ်နေတာမို့ သူက ဧကရာဇ်ဝမ်စုန့်ရဲ့ လူဝင်စားလို့ ဒီငယ်သားက သံသယရှိပါတယ်။ ဒီမိန်းကလေးရဲ့အတိတ်နဲ့ ပစ္စုပ္ပန်ဘဝတွေကို ကြည့်လိုက်ရင် သူမဟာ ဧကရာဇ် ဝမ်ဆောင်းရဲ့ လူဝင်စားဟုတ် မဟုတ်သိနိုင်ပါလိမ့်မယ်"
YOU ARE READING
{COMPLETED} Can't save the world by pretending to be dead
TerrorAuthor(s) Mo Chen Huan 莫晨欢 Artist(s) N/A Year 2020 Status in COO 110 Chapters (Complete)