အခန်း ၁စုချိန်ချန် ပန်ကာ စက်ရုံ ကို 1990 ခုနှစ်များတွင် တည်ထောင်ခဲ့ပြီး အဓိကအားဖြင့် လျှပ်စစ်ပန်ကာများ၊ အပူပေးကိရိယာများနှင့် အခြားပရောဂျက်များတွင် ပါဝင် ထုတ်လုပ်ခဲ့သည်။
စီးပွားရေး အထွတ်အထိပ်ရောက်ချိန်တွင် စက်ရုံသည် ဝန်ထမ်းပေါင်း ၂၀၀၀ ကျော်ကို အလုပ်ခန့်ထားပြီး လုပ်ငန်းမှာ အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့သည်။
ထုတ်ကုန်များကို အရှေ့တောင်အာရှသို့ တင်ပို့ခဲ့ပြီး စုကျိုးမြို့ တွင် ထိပ်တန်းအခွန်ထမ်းဆောင်နိုင်ခဲ့သည်။
သို့သော်လည်း လွန်ခဲ့သည့် ဆယ်နှစ်အတွင်းခေတ်နောက်ကျလာ၍ပြည်တွင်းမှ သုံးစွဲသူတို့က ကြိုက်နှစ်သက်ခြင်း မရှိတော့သောကြောင့် ၎င်းတို့၏ စွမ်းဆောင်ရည် ကျဆင်းလာကာ စက်ရုံသည် နှစ်စဉ် ဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်ခဲ့သည်။
တစ်ချိန်က အလွန်စည်ကားခဲ့သော အဆောင်လေးခုဖြစ်သည့် အမှတ် ၃ နှင့် အမှတ် ၄ အဆောက်အအုံ နှစ်ခုသာ လူနေထိုင်ဆဲဖြစ်ပြီး ရေနှင့်လျှပ်စစ်မီး မရရှိပေ။
လွန်ခဲ့သည့်ရာစုနှစ်များက ရှေးခေတ်လူနေအဆောက်အအုံများသည် လေနှင့်မိုးဒဏ်များကြားတွင်အလူးအလိမ့်ခံခဲ့ရပြီးနောက် ယိမ်းနွဲ့နေလျက် အထီးကျန်ဆန်နေသည်။
နေဝင်သည်နှင့်အမျှနေအလင်းရောင်မှိန်မှိန်သည် အမှတ်(၃) အဆောက်အအုံကိုဖုံးအုပ်သွားပြီးနောက်၎င်း၏အ
နောက်ရှိ အမှတ်(၄) အဆောက်အအုံအပေါ်တွင် ဖျော့တော့စွာအရိပ်ထင်နေသည်။
ယနေ့သည် နဂါးလှေပွဲတော်၏ ပထမဆုံးသော အားလပ်ရက်ဖြစ်သည်။ အားလပ်ရက် ကုန်ဆုံးသွားသည်နှင့် အိပ်ဆောင်အဆောက်အအုံရှေ့ရှိ လမ်းဟောင်းပေါ်တွင် ဖြတ်သန်းသွားလာနေကြသည့်လမ်းသွားလမ်းလာအနည်းငယ်သာ ရှိ၏။
ခုနစ်နာရီထိုးခါနီးတွင် တီရှပ်အဖြူဝတ်ထားသည့် အသားဖြူဖြူနှင့်လူငယ်တစ်ယောက် ဘတ်စ်ကားပေါ်မှ ဆင်းလာသည်။ သူသည် ထုပ်ပိုးထားသောအိတ်တစ်ထုပ် ကိုင်ဆွဲလျက် စုချိန်ချန် ပန်ကာစက်ရုံ ၏ အိပ်ဆောင်း တိုက်ခန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားေ နေသည်။
အဆောင်အဆောင်တံခါးဝသို့ လျှောက်သွားသောအခါ မျက်မှန်နှင့် တံခါးမှူးဦးလေးကြီးသည် သူ့ကိုကြည့်ကာ မျက်မှန်ကို ချွတ်လိုက်ပြီး
"ရှောင်လျန်၊ အိမ်အသစ်ကို ရှာတွေ့ခဲ့သေးလား။ နောက်တပတ်ဆို ဖယ်ပေးရမှာမို့ မင်း ကြိုရှာထားအုံး။
လျန်ရှီ - "ဒီနေ့ အိမ်သွားကြည့်တာ အဆင်ကတော့ပြေပါတယ်၊ ထပ်ရှာရအုံးမှာပေါ့"
တံခါးမှူးဦးလေးကြီးက ခေါင်းညိတ်ပြကာ- "အိုး၊ ဖြည်းဖြည်းရှာ၊ သေချာလေးဂရုစိုက်ပြီးရှာအုံး
အိမ်ငှားရင် အိမ်ရှင်နဲ့ တစ်နှစ်စာ လောက်စာချုပ်ပြီးမှ အိမ်အဆင်မပြေဘူးဆိုရင်၊ ဒုက္ခရောက်လိမ့်မယ်!"
လျန်ရှီ က ခဏလောက်စဉ်းစားပြီး "နောက်တစ်ပတ် တိုက်ခန်းကိုဖြိုမှာ သေချာရဲ့လား"
တံခါးမှူးဦးလေးကြီး- "ဟုတ်တယ်၊ ဖိုင်တွေ အကုန်ကျလာပြီ။"
"အော်။"
အားပျော့သော အဖြေဖြင့် ဖြေလိုက်ပြီးနောက် လူငယ်သည် အိတ်များကိုင်ဆောင်လျက် အဆောင်4ဆီသို့ လျှောက်သွားခဲ့သည်။
နွေရာသီအစောပိုင်းတွင် ပူအိုက်စိုစွတ် နေလျက်ရှိကာ ညနေခင်းလေနုအေးက သူ့လက်ထဲမှ ပလတ်စတစ်အိတ်ကို ဖြတ်၍တိုက်ခတ်သွားဖြင့် တကျွတ် ကျွတ် မြည်သံများ ထွက်ပေါ်လာ၏။
သူ၏သွယ်လျသောလက်ချောင်းများဖြင့် လက်မအနည်းငယ်အောက်သို့ လျှော၍ ပလတ်စတစ်အိတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရာ လေနှင့်အတူ လှုပ်ရှားကာ အသံထွက်နေသော ပလတ်စတစ်အိတ်သည် ဆူညံသံများ ရပ်တန့်သွားသည်။
လျန်ရှီသည်မီးအနည်းငယ်ဖွင့်ကာ
အဆောက်အဦး 3 ကို ဖြတ်သွားပြီးနောက် အဆောက်အဦး 4 ဆီသို့ တည့်တည့်လျှောက်သွားလိုက်၏။
ထောင့်တစ်ခုမှလှည့်ကာအဆောက်အဦးတွင်းထဲသို့ ဝင်သွားသည်။
အစောင့်ခန်းထဲရှိ သန့်စင်ခန်းထဲသို့ဝင်သွားသော အစောင့်တစ်ယောက်က ပြန်ထွက်လာသည်။ သူဘောင်းဘီကို ဆွဲတင်လိုက်ပြီး လည်ပင်းကိုဆန့်ကာ
လျန်ရှီ၏ နောက်ကျောကို လှမ်းကြည့်လိုက်၏။
"ဒီကောင်လေးခုထိအဆောက်အဦး 4 မှာနေ နေသေးတာလား"
တံခါးမှူးဦးလေးကြီး - " ပိုက်ဆံမရှိမှ တော့သူ ဘယ်လိုပြောင်းမလဲ။ စုကျိုးမြို့က အိမ်တွေကအခြေအနေတွေက ပိုကောင်းတယ် ဆိုပေမယ့် အဲ့ထဲကဘယ်နှစ်အိမ်ကများ အဲယားကွန်း၊ အင်တာနက်နဲ့ လစဉ်ငှားရမ်းခက ၄၀၀ ပဲရှိတယ့်အိမ် ဘယ်မှာရှိလို့လဲ။
ငါတို့ပန်ကာစက်ရုံက အိပ်ဆောင်တစ်ခုပဲသက်သာတာ
ဒါပေမယ့်ခုချိန်ကတော့မဖြစ်မနေ ရွှေ့ဖို့အချိန်ရောက်ပြီလေ၊ အိပ်ဆောင်ကဖျတ်တော့မှာဆိုတော့ပိုက်ဆံရှိရှိ မရှိရှိ ရွှေ့ရ တော့မှာပဲ"
"အဲ့လူငယ်လေးက တိုက်ရိုက် ထုတ်လွှင့်တယ်လို့ ကြားတယ်။"
"တိုက်ရိုက်ထုတ်လွှင့်တယ်ဆိုတာက ဘာကြီးလဲ"
"မသိဘူးလား။ လာပြမယ်။"
သူ့၏ဖုန်းကိုထုတ်ပြီး ပြလိုက်၏။
"ဟေး ဒါဘာလဲ၊ ဘာလို့ မိန်းကလေးက အဝတ်တွေချွတ်ပြနေတာလဲ
ငါ နားမလည်ဘူး။ မင်းပြောတာ၊ ဒီကောင်လေးကလဲ အဲ့သလိုမျိုး တိုက်ရိုက်လွှင့်နေတာပဲလား"
ယောက်ျားလေး လည်း လုပ်လို့ရပါ့မလား"
တံခါးမှူးက ခေါင်းခါပြသည်- "ဘယ်သူသိမှာလဲ၊ သူက တိုက်ရိုက်ထုတ်လွှင့်မှုထဲက မိန်းကလေးတွေထက်တောင် ပိုလှသေးတယ်
လုပ်ချင်လည်းလုပ်မှာပေါ့"
ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ တံခါးမှူးက လည်ပင်းကိုပြန်ဆန့်၍ ငြိမ်သက်စွာ ကြည့်လိုက်ပြီးနောက် အဆောက်အဦး အမှတ် 4 ကို တစ်ချက်ကြည့်လိုက်ကာ- "ဒါပေမယ့် အဲ့ကောင်လေးက အဆောက်အဦး နံပါတ် 4 မှာ နေဖို့တောင် သတ္တိ တော်တော်ရှိတာပဲ
လူသေသွားတဲ့ အိမ်မှာတောင် နေရဲတာ!"
မျက်မှန်နှင့်ဦးလေးက "မင်း ဘာတွေပြောနေတာလဲ၊ သရဲရှိတယ်ဆိုတာကို ယုံတာလား"
"ကျယ်တိ မင်းမယုံဘူးလား?"
"သရဲတစ္ဆေကိုလား
ကြိုက်တဲ့သရဲလာခဲ့ကွာ ငါပြူးပြီးတောင်ကြည့်လိုက်အုံးမယ်"
လျန်ရှီ ငှားထားသောအိမ်သည် စတုတ္ထထပ်တွင်ရှိသည်။
ပန်ကာစက်ရုံ၏ အိပ်ဆောင်များတွင် ရေနှင့်လျှပ်စစ်မီးမဖြတ်ရသေးသော အဆောက်အအုံ အမှတ် ၃ နှင့် အမှတ် ၄ အတွက် အနိမ့်ဆုံးငှားရမ်းခမှာ ၈၀၀ ဖြစ်ပြီး အမှတ် ၄ အတွက် အနည်းဆုံး ငှားရမ်းခမှာ ၄၀၀ ဖြစ်သည်။
လျန်ရှီက အဆောက်အဦး 4 ကို ရွေးလိုက်သည် ။ သို့သော် အဆောက်အဦး အမှတ် 4 တွင် အထပ်တစ်ခုစီအတွက် ငှားရမ်းခမှာ ကွဲပြားသည်။
အနိမ့်ဆုံး ငှားရမ်းခမှာ စတုတ္ထထပ်တွင် ရှိသည့်အတွက် ၄၀၀ ဖြစ်ပြီး အခြားအဆောက်ဦးများတွင် အနိမ့်ဆုံး ငှားရမ်းခမှာ ၅၀၀ ဖြစ်သည်။
ဘာကြောင့်လဲဆိုတော့စတုတ္ထထပ်မှာတွင်လူသေဖူးလို့ပင်။
လေသလပ်ခံထားသလို ဖြစ်နေသည့် မဲညစ်ညစ် လှေကားဟောင်းတွင် ခြကိုက်ရာများဖြင့် ပြည့်နေသည်။ လျန်ရှီ က ပလတ်စတစ်အိတ်ကို ယမ်းခါလျက် လှေကားပေါ်သို့ တက် နေရင်း သူဘယ်မှာနေရမလဲ ဟူ၍ ကြောင်တောင်တောင်နဲ့ တွေးနေခဲ့သည်။
စုကျိုးမြို့ တစ်ခုလုံး ရှာကြည့်လိုက်ရင်တောင် ပန်ကာစက်ရုံအိပ်ဆောင်ကဲ့သို့ နေရာကောင်းကို ဘယ်တော့မှ ရှာမတွေ့နိုင်ချေ။
အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်း၊ ပရိဘောဂအပြည့်အစုံ၊ လေအေးပေးစက်နှင့် အင်တာနက် အစုံပါသည့်အပြင် တစ်လကို ၄၀၀ သာ ကျသင့်၏။
နေရာကောင်းကို ရှာမရတော့ရင် သူ့မွေးရပ်မြေသို့ ပြန်သွားရလိမ့်မည်။
သူသက်ပြင်းတစ်ချက်ချရင်း စတုတ္ထထပ်သို့ တက်သွားသည်။
လှမ်းကြည့်လိုက်တော့ စင်္ကြံတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် သူ့ပစ္စည်းတွေ ထုပ်ပိုးနေ၏။ အိမ်မှာ မလိုအပ်တဲ့ ကတ်ထူပုံးတွေကို ဖယ်ထုတ်ကာ တံခါးအပြင်ဘက်မှာ စုပုံထားပြီးနောက် လျန်ရှီအား မော့ကြည့်လိုက်သည်။
လူလတ်ပိုင်းအရွယ် ရှိသည့်လူ က လိမ္မာပါးနပ်စွာ ပြုံးပြပြီး သူ့ပါးစပ်ထောင့်ရှိ မှဲ့နက်ကြီးမှာ တစ်ဖက်သို့ ကွေးတက်သွား၏။
"ရှောင်လျန် ပြန်လာပြီလား၊ အိမ်အသစ် ရောရှာတွေ့ခဲ့ပြီလား"
လျန်ရှီ ထိုလူ၏ပါးစပ်ရှိ မှဲ့ပေါ်တွင် စက္ကန့်ဝက်ခန့်စိုက်ကြည့်မိသွားပြီး
"မတွေ့ခဲ့ဘူး၊ ကျွန်တော်ရှာနေရသေးတယ်။ ခင်ဗျားရောတွေ့ပြီလား"
"ငါတို့က မနက်ဖြန် ရွှေ့မှာ။
စက်ရုံက ဝန်ထမ်းဟောင်းတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားကြတာ နောက်ဆုံးတော့ ငါတို့ မိသားစုပဲ ဒီမှာ ကျန်နေခဲ့ကြတာ
အခု ဖြိုချခံရတော့မှာဆိုတော့ နေလို့မရတော့ဘူးပေါ့
ရှောင်လျန် မင်းညစာကို ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဟာတွေစားမလို့လား"
YOU ARE READING
{COMPLETED} Can't save the world by pretending to be dead
TerrorAuthor(s) Mo Chen Huan 莫晨欢 Artist(s) N/A Year 2020 Status in COO 110 Chapters (Complete)