ch 87

283 61 4
                                    

အခန်း ၈၇

နတ်သမီးကွမ်ဟန်ဟူသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ခြောက်ရာခန့်က မြင့်မြတ်သော နတ်တရားရုံးရှိ အငြင်းပွားဖွယ်ရာမရှိ အလှပဆုံး  သောအမျိုးသမီး ပင်ဖြစ်သည်။

သူ့အသားအရေက နှင်းတွေလို ဖြူဖွေးကာ၊ သူ့မျက်နှာက ကြည်လင်နေပြီး  သူမရဲ့အပြုံးတိုင်းက မြင်ရသူအပေါင်း ရင်သပ်ရှုမောဖွယ်ပါပဲ။

နတ်နန်းတရားရုံး တော်အထက်တွင် နတ်ဘုရားပေါင်း တစ်သိန်းရှစ်ထောင်ရှိပြီး ၎င်းတို့အနက် အနည်းဆုံး 30,000 လောက်ကတော့ နတ်သမီးကွမ်ဟန်ရဲ့ အလှကြောင့် တုန်လှုပ်သွားခဲ့ကာ သွားလည်း ဒီစိတ်  လာလည်း ဒီစိတ် ဟူ၍သာ ရူးမတက်ဖြစ်သွားရသည်။ ဤသည်မှာ အမျိုးသမီး နတ်ဘုရားများအားလုံးကို ဖယ်ထုတ်ခြင်းရဲ့ အကြောင်းတရား ရလဒ်ပါပဲ။

လရောင်အောက်၊ နှင်းတွေကျနေတဲ့ကြားက အဖြူရောင်ဝတ်ထားတဲ့ နတ်သမီး တစ်ပါးက လှပစွာ မြေပြင်‌ ပေါ်သိူ့သက်ဆင်း လာတာကို မြင်ဖူးကြပါသလား။ အေးစက်သောမျက်ဝန်းများ၊ ငယ်ရွယ်နုပျိုသောအပြုံးလေး၊ တရားသူကြီး ချွေ့ ကွမ်ဟန်နတ်သမီး ကို သူ့တစ်သက်တွင် တစ်ကြိမ်သာ မြင်ဖူးခဲ့သည် ။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ရှစ်ရာလောက်က အံ့သြစရာကောင်းတဲ့ အခိုက်အတန့်လေးဟာ နှစ်ထောင်ပေါင်းများစွာအတွင်း သူရဖူးသမျှထဲမှာ အကောင်းဆုံးအိပ်မက်တစ်ခု ဖြစ်လာခဲ့လေ၏။

ကွမ်ဟန်နတ်သမီး ကို တစ်ခါမှ မမြင်ဖူးဘူးဆိုရင် ဒီကမ္ဘာမှာ ဘယ်အရာက အလှပဆုံးနဲ့ အသန့်စင်ဆုံးလဲဆိုတာ သူသိခဲ့ရမှာမဟုတ်။

အိပ်မက်ထဲတွင် နတ်ဘုရားမရဲ့ မျက်နှာကို တွေးတောရင်း တရားသူကြီး ချွေ့ ၏ ချောမောသော ပညာရှင်ကဲ့သို့ မျက်နှာက နီရဲကာ မျက်လုံးများ တွန့်ကွေးကာ ပြုံးလာခဲ့သည်။ ထို့နောက် အောက်ကိုငုံ့ကြည့်လိုက်ရာ...

ကင်းစောင့်က သူ့နားကို ကုတ်လိုက်ပြီး " ကွမ်ဟန်နတ်သမီး က ဘယ်သူလဲ။ ကျောင်းကွေ့မင်းရော သိလား "

တရားသူကြီး ချွေ့: "..."

ဆူဖြိုးသော ခေါင်း၊ နားရွက်ကြီးကြီးနှင့် ဆိုးသွမ်းသော မျက်ခုံးမွှေးရှိသော ဤခပ်ဝဝလူအိုကြီးက ကွမ်ဟန်နတ်သမီး ဘယ်လို ဖြစ်လာနိုင်မလဲ။ ! !

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now