ch 38

438 88 1
                                    

အခန်း ၃၈

အဆုံးမဲ့ လယ်ကွင်းများသည် အေးမြသော ညလေတွင် တိုက်ခတ်နေလျက်ရှိသည်။

လူအိုကြီးက ဤစာကြောင်းကို ပြောပြီးနောက် လျန်ရှီ၏နှလုံးသားထဲတွင် မရေရာသော အမှန်တရားတစ်ခု တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့သည်။ အဝေးကရပ်နေတဲ့ လူအိုကြီးကို စေ့စေ့ကြည့်ပြီး သူ့လက်ချောင်းတွေက ကြေးခေါင်းလောင်းကို ဖိကာ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီပင်။

လျန်ရှီ ၏ အသံက ငြိမ်သက်နေ၏။ သူကမေးလိုက်၏။
"ခင်ဗျားဆိုလိုတာက စုကျိုးမြို့ ရဲ့ အရင်က ပိုင်ဝူချန် ကို ခင်ဗျားသတ်လိုက်တာလား။"

လူအိုကြီးက တခစ်ခစ်ရယ်ပြီး လျန်ရှီ ကို ထူးထူးခြားခြား စိုက်ကြည့်လိုက်ကာ

"မင်းဘယ်လိုထင်လဲ"

ညသည် အဆုံးမဲ့သော မကောင်းမှုကို ဖုံးကွယ်ထားပြီး ညမှာ နက်မှောင်သော ချည်မျှင်များကို ဖုံးကွယ်ထားသလို ဖြစ်နေ၍ ရှင်းရှင်း လင်းလင်း မမြင်နိုင်ပေ။

အမှောင်ထဲ၌ လက်ခနဲ ဖြစ်သွားသော အနက်ရောင် ချည်မျှင် တစ်ခုပေါ်လာခဲ့သည်။

လျန်ရှီ ၏နှလုံးက တင်းကျပ်သွားပြီး "သတိထား!"

လျန်ရှီ က လဲ့ချန်ကို ဖမ်းဆွဲလိုက်ပြီး သူ့ဘေးနားသို့ ဆွဲတင်လိုက်သည်။

နောက်အခိုက်အတန့်တွင်၊ နေရာပေါင်းစုံ၊ မြေကြီးထောင့်တိုင်းတွင် အဆုံးမရှိသော အနက်ရောင် ချည်မျှင်များကို တွေ့လိုက်ရသည်။

"ဟူး!"

လူအိုကြီးသည် အလောတကြီး အသက်ရှုကာ ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်သည်။

သူ့ပါးစပ်က ပိုကြီးလာလာကာ ကနဦးတွင် ၎င်းက လက်သီးဆုပ် အရွယ်အစား လောက်ဖြစ်သော်လည်း နောက်၌ လူ၏ဦးခေါင်းခွံအရွယ်အစားအထိ ဖြည်းညှင်းစွာချဲ့ထွင်ခဲ့သည်။ အနက်ရောင်ပါးစပ်မှာ အောက်ခြေမရှိသော တွင်းနက်တစ်ခုနှင့်တူပြီး မြေကြီး၏ အရပ်ရပ်မှ မရေမတွက်နိုင်သော အနက်ရောင် ချည်မျှင်များမှာ သူ၏ပါးစပ်ထဲသို့ ချိတ်ဆက်ထား လေသည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now