ch 73(part 2)

220 49 1
                                    

ဓာတ်လှေကားတံခါးမှာ ဖြည်းညှင်းစွာပိတ်သွား ခဲ့လေပြီး လဲ့ချန်က လျန်ရှီကို တိတ်တဆိတ်ကြည့်နေခဲ့သည်။
တောက်ပပြီး ကြည်လင်သော အလင်းရောင်အောက်တွင် လူငယ်ရဲ့ အရပ်ရှည်ရှည် သွယ်လိသော ခန္ဓာကိုယ်မှာ စိမ်းစိုနေသော ဝါးပင်သကဲ့သို့ အလင်းရောင်များက တောက်ပနေခဲ့လျက်။

ထိုလူ၏အကြည့်ကို ခံစားမိလိုက်ရာ လျန်ရှီ လှည့်ကြည့်လိုက်ခဲ့သဖြင့် နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြသည်။ လျန်ရှီ  လဲ့ချန် ပျင်းနေမ ည်ဟု ထင်သောကြောင့် "ကျွန်တော်တို့ မကြာခင် အိမ်ပြန် ရောက်တော့မှာပါ" ဟု ပြောခဲ့သည်။

လဲ့ချန် သူ့လက်များကို အိတ်ကပ်ထဲသို့ ထည့်ကာ နှိမ့်ချကာ လူငယ်ရဲ့ နူးညံ့သော မျက်လုံးများဆီမှ အဝေးကို အကြည့်လွှဲလိုက်၏။

ဓာတ်လှေကားမှာ အဆင့်အလိုက် အောက်သို့ရွေ့လာခဲ့လျက်ရှိသည်။

လျန်ရှီ : "ဦးလေး လီရဲ့ သေဆုံးမှုမှာ ပြဿနာတစ်ခုခု ရှိမရှိ သိနိုင်မလား။"

လဲ့ချန်က သူ့ကိုကြည့်လာပြီး ကင်းစောင့်လည်း အံ့သြသွားခဲ့သည်။

ဒီတစ်ခါတော့ လဲ့ချန် ပြောတော့မယ့် အချိန်မှာဘဲ ကင်းစောင့်က အရင် ပြောလာ၏။ ကင်းစောင့် မှာ သူမတတ်နိုင်တဲ့အရာဆိုလျှင်  ၎င်းကို စဉ်းတောင်းစဉ်းစားပဲတန်း ဝန်ခံလေ့ရှိရာ ဤအချိန်သည်လည်း ခြွင်းချက်မဟုတ်ပေ။
   
   ကင်းစောင့်က ကူကယ်ရာမဲ့စွာနဲ့ “သခင်လေး ဒီကိစ္စက ... ကိုင်တွယ်ရခက်တယ်”

ကင်းစောင့်က ရှက်ရွံ့စွာကြည့်ကာ- “ကျွန်တော်မျိုးက အရာရှိတဆယ့်ကိုးပါးထဲက တစ္ဆေတကောင်သာသာ ပါပဲ။
    မရဏပြည်မှာဆို  နှမ်းစေ့နဲ့ ပဲစေ့လောက်ပဲ အရေးပါတဲ့ အရာရှိတစ်ယောက်ပါ။
   ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းတရားကို ဝင်ရောက်စွက်ဖက်ဖို့ဆို၊ အနည်းဆုံးတော့ယင် အထူးသံတမန်ရာထူးလောက်ရှိမှရမှာ"
   

ကင်းစောင့်က မဂ်ကိုးလမ်းရှိ တစ္ဆေဆယ့်ရှစ်ပါးတို့မှာ လောက၌ အနိမ့်ဆုံးအရာရှိများဖြစ်သည်ဟု ဆိုခဲ့ဖူးသည်။
   
  အမှန်တော့၊ မြေအောက်ကမ္ဘာမှာ တရားဝင်တွေတောင် မဟုတ်တဲ့ အရာရှိ တွေ အများကြီးရှိနေတုန်းဘဲ၊ဆိုပေမယ့်  မရဏတရားရဲ့ တရားဝင်စနစ်ကနေ ပြောရမယ်ဆိုရင် ဒီ ပိုင်ဝူချန်နှင့် ဟေးဝူချန်တွေက အနိမ့်ဆုံးအဆင့်မှာပါပဲ။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now