ch 93

319 54 0
                                    

အခန်း ၉၃

အေးစက်ပြီး ဘာမှမထူးခြားသော အသံက ရေလှိုင်းများကဲ့သို့ လေထုထဲတွင် ကျယ်လောင်လာနေပြီး ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

လဲ့ချန်၏အမိန့်ကို လိုက်နာသောအားဖြင့် ရွှေရောင်အယ်လ်ဘမ်မှ ရွှေရောင်အလင်းတန်းများ ထောင်နှင့်ချီ၍ လွင့်စင်နေကာ ပန်းပွင့်လေးများကဲ့သို့  ပျံဝဲလျက် စုကျိုးမြို့၏ ထောင့်တိုင်းသို့ ပြန့်ကျဲနေခဲ့သည်။ ရှေးဟောင်းမြို့တော်ရဲ့မှောင်မိုက်ပြီး စိုစွတ်နေသော လမ်းများ၊ ဆိုးရွားလှသော ခေတ်မီအဆောက်အအုံများအကြား ဤရွှေရောင်အလင်းတန်းများက ကျင်းသုရေကန်ရဲ့ ငြိမ်သက်နေသောရေပြင်ကိုဖြတ်၍ ဆူစီးတီးရှိ ထောင်ပေါင်းများစွာသော တစ္ဆေများ၏ ဦးခေါင်းများအထက်တွင် လင်းလက်တောက်ပနေကာ ၎င်းတို့ကို ဖုံးကွယ်၍မရပေ။

ကင်းစောင့် မြေအောက်ကမ္ဘာမှ သေမျိုးလောကသို့ ရောက်ရှိလာပြီးကတည်းက သူ စုကျိုးမြို့ တွင် လေလွင့်တစ္ဆေများ နေ့စဉ်နှင့်အမျှ  ဖမ်းလာခဲ့ရာ အရေတွက်မှာ လျှော့လာခဲ့ပြီပင်။ သို့သော် တချို့သော တတစ္ဆေများက ကျန်ရှိနေပါသေး၏။

ယခု ဤတစ္ဆေများနှင့် နတ်ဆိုးများမှာ အဖော်ခံလိုက်ရပြီး ဖြစ်ပျက်သွားသည်ကို ဘာမှမသိလိုက်ဘဲ အားလုံးက ရှုပ်ထွေးလျက် မျက်တောင်တခတ်ခတ်နှင့်။ သူတို့ခန္ဓာကိုယ်မှ ထွက်လာသော ယင်ချီ များက သာမန်လူများအတွက် အေးစက်သော လေပြင်းများကဲ့သို့ သာ ဖြစ်ရာ များများစားစား မခံစားရပေ။ ဒါပေမယ့် တရားသူကြီး ကျောင်း လို  နတ်တွေအတွက်တော့ မှောင်မိုက်တဲ့ညထဲရှီ ပိုးစုန်းကြူးတွေလိုပါပဲ၊ တကယ့်ကို များပြားလွန်းလှ၏။
   
ကောင်းကျားရွှမ် ကိုမျက်နှာသာပေးချင်ရုံနဲ့ လဲ့ချန် ဟာ စုကျိုးမြို့ မှာရှိတဲ့ တစ္ဆေအားလုံးကို အလွယ်တကူရှာတွေ့လိမ့်မယ်လို့ ဘယ်သူမှမထင်ထားပါဘူး။

... ဟုတ်ပါတယ်၊ ဒါပေမယ့် တကယ်ကို အပိုဆာလာတွေပါပဲ။
   
တရားသူကြီး ချွေ့ ပထမဆုံး တုံ့ပြန်လာခဲ့သည်။ ပညာရှင်ကဲ့သို့သော တရားသူကြီးက ရှက်ပြီး လက်နှစ်ဖက်ဖြင့် အရိုသေပြု လာပြီး သက်ပြင်းချလိုက်၏- "အရှင်၊ ကျွန်တော်မျိုးမျှော်လင့်ထားတဲ့အတိုင်း  ကျွန်တော်မျိုးသာ နောက်ထပ် အနှစ်တစ်ထောင်လောက် လေ့ကျင့်ရင်တောင်မှ ဒီလိုအရှင့်နည်းလမ်းကို  ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး!"

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now