ch 85(part 2)

256 49 1
                                    

လဲ့ချန်သည် အနည်းငယ် ထိတ်လန့်သွားပြီး လျန်ရှီကို လွှတ်ပေးလိုက်သည်။

တိမ်ထူထပ်သောတိမ်တိုက်အောက်မှောင်မိုက်သောညတွင်၊  ပိန်ပိန်ပါးပါးလူငယ်တစ်ဦးက ဝမ်ဧကရာဇ်ဘုရားကျောင်းရှေ့တွင် ရပ်ကာ "ဧကရာဇ်ဝမ်စုန့်၊ လွန်ခဲ့သည့်နှစ်ပေါင်းခြောက်ရာကျော်က  ရှောင်လျို တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေအားလုံးက ခင်ဗျားနဲ့ မသက်ဆိုင်ဘူးဆိုတာ ဟုတ်ရဲ့လား?"

ဗိမာန်တော်တွင် ရုပ်တုက အနည်းငယ်ရွေ့လျားသော်လည်း အဖြေမရှိပေ။

လျန်ရှီ“ခင်ဗျား ဝန်မခံဝံ့ပေမယ့် အမှန်က ခင်ဗျားနဲ့ ပတ်သက်ခဲ့တယ်မလား?"
   
လျန်ရှီ က အေးစက်စက်နဲ့ တရားသူကြီး ချွေ့ ဆီကို အမြန် လှည့်ကြည့်လိုက်ကာ “တရားသူကြီး  ချွေ့ ခင်ဗျားပြောခဲ့တာ  ရှင်သန်ခြင်းနှင့် သေခြင်းဆိုင်ရာ ကျမ်းက အလွန်ရှားပါးတဲ့ မတော်တဆမှုကလွဲလို့ ကမ္ဘာပေါ်က သက်ရှိသတ္တဝါအားလုံးရဲ့ သေခြင်းတရားကို မှတ်တမ်းတင်ထားတာမို့ ဘဝနှင့် မရဏအကြားက ခွင့်ပြုထားတဲ့ ဘောင်အတွင်းမှာပဲဖြစ်တာမို့ လုံးဝတရားမျှတလို့ ပြောခဲ့တယ်မလား။"

တရားသူကြီး ချွေက လျန်ရှီရဲ့ဆိုလိုရင်းကို နားမလည်သော်လည်း သူက ခေါင်းညိတ်ကာ "ဟုတ်တယ်၊ ဒါအမှန်ပဲ" ဟုပြောလိုက်သည်။

လျန်ရှီ-" ရှောင်လျိုမှာ သနားစရာကောင်းတဲ့ ဘဝ တစ်ခုရှိတာ နားလည်နိုင်ပါတယ်။ သူ့မှာ သနားစရာကောင်းတဲ့ ဘဝ နှစ်ဘဝ ရှိတာလည်းနားလည်လို့ရပါသေးတယ်။ နှစ်ပေါင်း ခြောက်ရာစလုံး သေတာထက်ဆိုးတဲ့ ဘဝတွေကို ဆက်တိုက် ကြုံခဲ့ရသလို ၊တစ်ချိန်ထဲမှာပဲ လူသားအဖြစ် ပဲ ပြန်ဝင်စားခဲ့တယ်၊ဒါကျတော့ တိုက်ဆိုင်မှု တစ်ခုလို့ ယူဆလို့မရတော့ဘူး"
   

တရားသူကြီး ချွေ့ ၏ မျက်နှာသည် ရှုပ်ထွေးနေဆဲ- "...ဒါကသာ တကယ်ကို မတော်တဆ မဟုတ်ဘူးဆို ဒါ ဘာလဲ"

“ဒါဆို ရှင်သန်ခြင်းနှင့် သေခြင်းဆိုင်ရာ ကျမ်းက မှားနေတာ။"

"..." တရားသူကြီး ချွေ့ က ပြန်လည် ချေပချင်သော်လည်း အကြောင်းပြချက်ကို မစဉ်းစားနိုင်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now