ch 60(part 1)

293 62 0
                                    

အခန်း ၆၀

တံခါးပွင့်လာပြီးနောက် အခန်းအပြင်ဘက်က မီးရောင်များက တိုး၍ဝင်လာခဲ့လေ၏။ ချန်ခိုင် နှင့် လက်ထောက် ဝူ တို့ ကုတင်ပေါ်တွင် လဲလျောင်းနေသော လျိုချန် ကို ချက်ချင်းတွေ့လိုက်ကြရသဖြင့် နှစ်ယောက်သား ပြေးသွားကြသည်။

"ချန်ချန်!"

"ရှောင်ချန်က ဘာဖြစ်နေတာလဲ?"

ယင်စွမ်းအင်တွင် နစ်မွန်းနေသောကြောင့် တုန်လှုပ်ချောက်ချားကာလျိုချန်မှာ ရက်ပေါင်းများစွာ အိပ်မပျော် ခဲ့ပေ။

ယခု သူမ အိပ်ပျော်သွားပြီမို့ လျန်ရှီ အခန်းတွင်း က မီးကို ဖွင့်လိုက်သည်။ တောက်ပသော အလင်းရောင်က ရုတ်တရက် အခန်းကို လင်းထိန်သွား စေသဖြင့် လူတိုင်း မျက်လုံးအား ကျိန်းသွားခဲ့စေလျက်။

လျန်ရှီ - "သူ အိပ်ပျော်သွားရုံသပ်သပ်ပဲ၊ ဘာမှ မစိုးရိမ်ရပါဘူး။ ချန်ခိုင် အခုဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းကို မေးချင်တာတွေရှိတယ် "

       

စကားပြောပြီးနောက် တစ်ဖက်မှ လဲ့ချန်က လက်ကို မြှောက်ကာ သူ့လက်ဖဝါးတွင် ကိုင်ထားသည့် ယင်စွမ်းအင် တိမ်တိုက်ကို ထုတ်ဖော် ပြသလိုက်သည်။

အိမ်ထဲသို့ ဝင်လာကတည်းက ချန်ခိုင် နှင့် လက်ထောက် ဝူ  တို့ လျိုချန် ကိုသာ အာရုံရောက် နေခဲ့‌ကြသဖြင့် လဲ့ချန် ၏လက်ထဲတွင် အနက်ရောင် ယင် စွမ်းအင်ကို သတိမထားမိခဲ့ပေ။

သူတို့ လှည့်ကြည့်လိုက်သောအခါ ထွက်မပြေးနိုင်၍ လဲ့ချန်၏ လက်ထဲ၌ ဖရိုဖရဲ အစုလိုက် အပြုံလိုက်  ဖြစ်နေတဲ့ ယင်စွမ်းအင် တိမ်တိုက်အလုံးကို တွေ့လိုက်ရလေပြီ။သူတို့ နှစ်ဦး  ဦးရေပြား ထုံကျင်သွားကာ မျက်လုံးများ ပြူးကျယ်သွားလျက် ထိတ်လန့်မှုကြောင့်အေးခဲသွားကြခဲ့၏။

       

       

သူတို့နှစ်ယောက်ရဲ့ တုံ့ပြန်မှုကို ကြည့်လိုက်ရင်း လျန်ရှီ သူ့စိတ်ထဲ၌ သက်ပြင်းချလိုက်ကာ

"ဒါဆို အခု ဒီပြဿနာကို ဖြေရှင်းကြရအောင်။"

အားလုံး အတူတူ အောက်ထပ်ကို ဆင်းသွားကြသည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now