ch 32(part 2)

414 77 0
                                    

ပြည်သူ့လုံခြုံရေးဌာနက ထွက်လာတော့ ညနေခြောက်နာရီ ထိုးနေပြီပင်။

လျန်ရှီ ၏ဗိုက်သည်လည်း ဆာလောင်မှုနှင့်အတူ အော်ဟစ်နေပြီး ယနေ့တစ်နေ့လုံး မစားရသေးသည်ကို သတိရမိသွားသည်။

သူ ဟေးဝူချန် နှင့်အတူ လမ်းဘေးခေါက်ဆွဲဆိုင်သို့ သွားခဲ့သည်။

လျန်ရှီ : "သူဌေး၊ ကျွန်တော်တို့ကို AoZao ခေါက်ဆွဲ ပန်းကန်နှစ်လုံး ပေးပါ"

သူဌေးကလန့်သွားပြီး သူတို့ကိုကြည့်ကာ "ရပြီ!"

ဒီမှာ လုပ်ငန်းက သိပ်ကောင်းပုံ မပေါ်ပေ။ ညစာစားချိန်ရောက်ပေမယ့် ဘယ်သူမှလာမစားကြ။ အရသာက မကောင်းဘူးလို့ ဆိုလိုတာလားဟု တွေးကာ လျန်ရှီ က တိတ်တိတ်လေး တွေးလိုက်သည်။

ဒါပေမယ့် တခြားရွေးချယ်စရာတွေ မရှိခဲ့။ ပြည်သူ့လုံခြုံရေးဗျူရိုအနီးတွင် အခြားစားသောက်ဆိုင်များမရှိသဖြင့် လျန်ရှီ စားရန်နေရာရှာရန် အချိန်မရှိပေ။ နောက်ပိုင်းတွင် ဒေါက်တာ ဝမ် ကိုရှာရန် ယွမ် ဆေးရုံသို့ သွားခဲ့ရပြီး ထိုစဉ်က သူ့ကို မွေးဖွားပေးခဲ့သည့် သူနာပြုအကြောင်း မေးမြန်းခဲ့သဖြင့် သူဒီမှာသာစားရုံတတ်နိုင်သည် ။

  လျန်ရှီနှစ်မိနစ်အတွင်း မှာ ဆိုင်ရဲ့ ရေပန်းစားမှု‌အ‌ ကြောငိးကို တွေးနေရင်းမိခင်နှင့်သမီးနှစ်ဦးဝင်လာသည် ကို တွေ့လိုက်ရသည်။

        ရှေ့သို့ လျှောက်လာသည်မှာ ဆံပင်တိုတိုနှင့် ကောင်မလေးဖြစ်ကာ နောက်မှ လျှောက်လာသည်မှာ ဝတ်စုံနှင့် မိန်းမတစ်ယောက်ဖြစ်သည်။ သူမ ကအမြန်လျှောက်လာကာ အလျင်စလို ဖြစ်နေပုံရ၏။ခေါက်ဆွဲဆိုင်ထဲသို့ ဝင်လာပြီးနောက်မှာ အပေါက်မှာ ရပ်နေသေးသည့် သူ့အမေကိုလှည့်ကာ ကြည့်လိုက်သည် ။ သူမျက်မှောင်ကြုတ်ကာ စိတ်မရှည့်သည့်  လေသံဖြင့် ပြောလာသည်: “ဝင်မှာဖြင့် ဝင်လေ, ဘာလုပ်နေတာလဲ? အမေ ဗိုက်မဆာရင်တောင် သမီး ဗိုက်ဆာတယ်”

အရောက်ဖျော့တော့သည့် အကျီကို ဝတ်ဆင်ထားသော သူမ အမေက ဝင်ပေါက်နားမှာ ရပ်နေသေး၏။သူ့သမီးက ပွစိပွစိ ပြောနေသေးပြန်သဖြင့် သူမ သက်ပြင်းချလိုက်ပြီး ဆိုင်ထဲ ဝင်လာခဲ့သည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now