ch 83

189 22 0
                                    

အခန်း ၈၃

ပြန့်ပြူးသော ကြေးမုံပြင်နှင့်တူသော ရေကန်ကြီးပေါ်တွင် လရောင်က လှိုင်းလုံးများအပေါ် ထင်ဟက်နေကာ ကြည်လင်နေလျက်။

ပညာရှင်ကဲ့သို့သော-တရားသူကြီးချွေ့ ရေပြင်အထက်  လမ်းလျှောက်လာကာ  အေးအေး ဆေးဆေး ရေ ကန်ကို ဖြတ်ကျော်လာခဲ့သည်။
   
   
   
  စိမ်းလန်းစိုပြေတဲ့ တောအုပ်တွေကြားက ရေကန်အလယ်က ကျွန်းငယ်လေးပေါ် မြင်ကွင်းမှာ လူတွေကို စားဖို့ ပါးစပ်ဖွင့်ထားတဲ့ ဘီလူးတစ်ကောင်လို အမှောင်ထဲမှာ ပုန်းနေပြီး သားကောင်ကို စောင့်နေသလိုပါပဲ။

ဒီပုံစံကို ကြည့်လိုက်တော့ တရားသူကြီးချွေ့ ရုတ်တရက် ရပ်သွားပြီး သံသယနဲ့ ကြည့်လိုက်၏။

"ဒါဟာ လှည့်စားမှုတစ်ခု များလား"

ထို့နောက် ပြုံးကာ ခေါင်းခါလိုက်ပါသည်။

ယူနန် ဟေးဝူချန် က ပြောခဲ့သလိုပဲ၊ သူလို ဂုဏ်သိက္ခာရှိတဲ့ တရားသူကြီး ချွေ့ ဟာ ကမ္ဘာပေါ်က အဆင့်နိမ့်တစ္ဆေအရာရှိနှစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းရာမှာ အရည်အချင်းပြည့်မီ တယ်မဟုတ်ပါလား။
   
သို့သော် သတိထားခြင်းမှာ အမှားအယွင်းမရှိလှ ၊ ဥပမာ၊ ယူနန် ဟေးဝူချန်အား သတင်းပြန်ပို့ရန် အထူးတောင်းဆိုခဲ့ပြီး အရန်အစီအစဉ်ကို ချန်ထားခဲ့သော်လည်း အလွန်အမင်း သတိထားနေခြင်းက သန်မာ‌သောလူရဲ့ အပြုအမူမဟုတ်ပေ။ သူ့မှာ ဒီလိုယုံကြည်မှု ရှိသင့်ပြီး ယခုလိုပုရွက်ဆိတ် လေးတွေရဲ့ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေဖို့ မလိုပါဘူး။

ထိုသို့ပြောပြီးနောက်မှာလည်ူ အလွန်သတိကြီးသော တရားသူကြီး ချွေ့က ကျွန်းပေါ်ရှိ လူလေးဦး၏ လှုပ်ရှားမှုတိုင်းကို ဂရုတစိုက်ကြည့်ရှုရန် ကံကြမ္မာ ကြေးမုံ ကို အသုံးပြုနေဆဲ။

တစ်ချိန်တည်းမှာပင် ကျွန်းရှိ ဇရပ်ထဲ၌။

လျန်ရှီ: "သူ့လက်ထဲမှာ ဘာကိုင်ထားတာလဲ"

ကင်းစောင့်က အနီးကပ်ကြည့်လိုက်ကာ "ကံကြမ္မာ ကြေးမုံ၊ ကံကြမ္မာလှည်းဘီးဘုရင်ကြီး ရဲ့ကံကြမ္မာ ကြေးမုံ၊ ထင်တယ်။"

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now