ch 98

276 51 2
                                    

အခန်း ၉၈


ရိုးရှင်းသော အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး အရပ်ရှည်ရှည်နှင့် ဖြောင့်စင်းစွာ ရပ်နေကာ သူ့ခေါင်းထက်တွင် တောက်ပလျက်ရှိသော မီးဆိုင်းကြီးကြောင့် ကျောက်ရုပ်ဆစ်လို ထုဆစ်ထားသော မျက်နှာအား ပေါ်လွင်စေနေလျက်။

လဲ့ချန်က လျန်ရှီ ၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး သူ့နောက်တွင် ပိတ်ဆို့ထား လေသည်။ ခေါင်းကို အနည်းငယ်ငုံ့ကာ သူ့ရှေ့တွင် ကြီးကျယ်ခမ်းနားသော  အဘိုးအိုကို ကြည့်လိုက်သည်။

တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း စကားလုံးတွေ မလိုအပ်တော့ဘဲ အခန်းထဲမှာ ပြင်းထန်ပြီး တင်းမာသော လေထု က ချက်ချင်း ပျံ့နှံ့သွား၏ ။ အိပ်ခန်းက အလွန်တိတ်ဆိတ်နေပြီး လူတွေရဲ့အသက်ရှူသံကိုသာ ကြားနေရသည်။

မစ္စတာဝမ်မှာ သူ့ကို ဤသို့ တိုက်ရိုက်ရင်ဆိုင်ဝံ့သူ မတွေ့ခဲ့ရသည်မှာ နှစ်အတော်ကြာခဲ့ပါပြီ။

ထို့အပြင် ထိုသူက အသက်နှစ်ဆယ်ကျော်ခန့် ငယ်ရွယ်သေးသော လူငယ်လေးတစ်ယောက် ဖြစ်နေဆဲပင်။

လွတ်မြောက်ရေးကာလတွင် ဝမ် မိသားစုက ၎င်းတို့၏ ကြွယ်ဝမှုကို ရရှိခဲ့ကာ ယနေ့တိုင်အောင် မျိုးဆက်လေးဆက် အမွေဆက်ခံလာခဲ့ ကြပြီးမစ္စတာဝမ်က ဒုတိယမျိုးဆက်ဖြစ်သည်။

ပဲငံပြာရည်ဆိုင်ငယ် နှစ်ဆိုင်သာ ဖခင်ဖြစ်သူမှ ထံ လွှဲပြောင်းပေးခဲ့ သော်လည်း ရာစုနှစ်တဝက်ခန့် အတက်အဆင်းနှင့်လှိုင်းလုံးကြီးများဖြင့် သူ့လက်ထက်မှ ကျယ်ပြန့်စွာ  စီးပွားဖြစ်စ ပြုလာနိုင်အောင် လုပ်ဆောင်ခဲ့သည်ပင်။

လဲ့ချန် ၏မေးခွန်းက ရိုးရှင်းပြီး တိုတောင်းသော်လည်း လျစ်လျူမရှုနိုင်သော သူရဲ့ စကားလုံးများတွင် ဖိနှိပ်မှုတစ်ခုရှိနေလျက်။ အအေးဓာတ်နှင့် ပြင်းထန်သော ဖိအားများက မစ္စတာဝမ်၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ဖိစီးလာပြီး ကိုက်ခဲသော အအေးဓာတ်က မြေပြင်မှ ထွက်ပေါ်လာသည်။

"ငါမသိဘူး။"

ဝမ်ယွယ်ချင်း ကို သိလား။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now