ch 88

224 39 1
                                    

အခန်း ၈၈

ချမ်းအေးတဲ့ ဆောင်းဦးညမှာ လရောင်က မှုန်ဝါးဝါး။

  သေးငယ်ပြီး ဟောင်းနွမ်းနေသော ဝမ်သိ ဘုရားကျောင်းထဲသို့ ရေခဲကဲ့သို့အေးခဲသောလေက မှုတ်ထုတ်လိုက်ရာ တစ်ဦးတည်းသော သေမျိုး လျန်ရှီအား အနည်းငယ်တုန်လှုပ်သွားစေ၏။
  ထို အစွန်အဖျားကနေ  လဲ့ချန်က လျန်ရှီရဲ့ လည်ပင်းကျုံ့သွားသည့်လှုပ်ရှားမှုကိုမြင်လိုက်ရဖြင့် ကောင်းကောင်းမတွေးမိဘဲ သူ့လက်ကို တိုက်ရိုက်ဆန့်ကာ ထိုလူငယ်လေးကို ညင်သာစွာ ဖက်လိုက်သည်။

လျန်ရှီ အနည်းငယ် လန့်သွားပြီး သူ့ကို မော့ကြည့်လာ၏။

လဲ့ချန်ကလည်း ခေါင်းငုံ့ကာ တည်ငြိမ်စွာ မျက်ခုံးပင့်ရင်း သူ့ကိုကြည့်နေလျက်- ကျေးဇူးတင်စရာမလိုပါဘူး။

လျန်ရှီ: "..."

ထိုလူ၏လက်ကို တွန်းထုတ်လိုက်ရင်း လျန်ရှီ က ငြိမ်သက်စွာကြည့်လိုက်ကာ "ခင်ဗျားက အေးစက်နေတာလေ၊ ဝေးဝေးနေ"

လဲ့ချန်: "..."

   
တစ္ဆေများနှင့် နတ်များရဲ့ ခန္ဓာကိုယ်များက အလွန်အေးစက်ပြီး နွေးထွေးမှုမရှိဘဲ အလောင်းများကဲ့သို့ပင်။ ထိုအချိန်တွင် လျန်ရှီရဲ့ လက်မှာတောင် ကြက်သီးမွှေးများ  ပေါ်လာသည်မှာ အမှန်ပင်၊ဖြစ်ကာ သူ ထို ရေခဲနား မကပ်ချင်ပေ။

လျန်ရှီ က သူ့လက်ကိုင်ဖုန်းကို ထုတ်ပြီး Taxi နဲ့ အိမ်ပြန်ခါနီးမှာ ရုတ်တရက် အေးစက်တဲ့ လက်တစ်စုံက သူ့ကို ကိုင်ထားလာ၏။ ခေတ္တရပ်တန့်သွားပြီးနောက် လျန်ရှီ သူ့ဘေးနားရှိလူကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ရာ နောက်တစ်စက္ကန့်အတွင်း သူ့အကြည့်များက နက်မှောင်သော မျက်လုံးတစ်စုံထံသို့ ကျရောက်သွားလေပြီ။ ထိုလူက သူ့အား တိတ်တဆိတ်ကြည့်နေခဲ့ကာ သူ့လက်အပူချိန်က သိသိသာသာ အေးနေသော်လည်း သူ့နှလုံးကတော့ နားမလည်နိုင်အောင် ခုန်နေလျက်။

ခင်ဗျားကအေး... အေးလို့ ကျွန်တော် အနားမကပ်နဲ့လို့ ရှင်းရှင်း လင်းလင်း မပြောဘူးခဲ့လား။

ဒါ​ပေမယ့်​ တကယ်​တမ်း​တော့ သူက ခွဲမထွက်​ချင်​‌ ပေ။

စိတ်၏ တုံ့ဆိုင်းမှုနှင့် ကိုယ်ခန္ဓာရဲ့ ငြင်းပယ်ခြင်းတို့က လျန်ရှီ၏ နှလုံးသားထဲတွင် စစ်ဖြစ်နေပြီး စက္ကန့်အနည်းငယ်အကြာတွင် ကိုယ်ခန္ဓာရဲ့ ငြင်းပယ်ခြင်းက အောင်ပွဲရရှိခဲ့သည်ပင်။ လျန်ရှီ  ဤရေခဲတုံးကို အပြင်းအထန် ဖယ်ထုတ်တော့မည့်ဆဲဆဲတွင် မထင်မှတ်ပဲ၊ ဤအခိုက်အတန့်မှာပဲ အရေပြားတို့ ထိတွေ့ရာနေရာမှ ပူပြင်းသော အပူချိန်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now