ch 82(part 2)

317 57 3
                                    


တစ်ချိန်တည်းမှာပင်၊ မြို့တော်၏အခြားတစ်ဖက်တွင်၊ ဝမ်သိ ဘုရားကျောင်းသည်ဝေးလံပြီးလူဆိတ်ညံသောဆင်ခြေဖုံးတွင်တည်ရှိနေ၏။

အအေးဓာတ်နှင့် ပါးလွှာသော လရောင်က ယိုယွင်းပျက်စီးနေသော ဤဘုရားကျောင်း၏ အုတ်ကြွပ်ပြားများပေါ်တွင် တဖြည်းဖြည်း တောက်ပလာပြီး နှင်းခဲကဲ့သို့ အေးမြသော အလွှာတစ်ခုကို ဖြစ်ပေါ်စေလျက်။ ဘုရားကျောင်းငယ်လေးရဲ့ ဝန်ထမ်းတွေက တံခါးဝမှာ အကြာကြီးစောင့်နေပြီး ရှောင်လျို အမြန်ထွက်လာဖို့ မျှော်လင့်နေကြပြီးအလုပ်ကဆင်း နေချင်ကြပြီပင်။

ရှောင်လျို အခြားသူများကို အနှောက်အယှက်ဖြစ်စေမို့လို့ အားနာလွန်းလှ၏။ ဝမ်သိ ဘုရားကျောင်းကို ပိတ်ရန် အချိန်မရောက်သေးသော်လည်း ဝန်ထမ်းများက တံခါးဝတွင် သူမကို စူးစူးစိုက်စိုက်စိုက်ကြည့်နေကြရာ နှစ်မိနစ်သာ ရှိခိုးလိုက်ပြီးအမြန်ထရပ်ကာ ပြန်ထွက်လိုက်ရသည်။

"စောင့်ခိုင်းမိလို့ တောင်းပန်ပါတယ်။"

"နောက်တစ်ခေါက်ကျ စောစောလာခဲ့ပါ။"

"ဟုတ် ကျေးဇူးပါ"

ရှောင်လျိုက လေးလံသော ကျောပိုးအိတ်ကို ထမ်းပြီး ဝမ်သိ ဘုရားကျောင်းရဲ့ မြင့်မားသော တံခါးခုံမှ ထွက်လာခဲ့သည်။ သစ်သားတံခါးက သူမနောက်မှာ တွန့်ကနဲပိတ်သွားပြီး တင်းကျပ်စွာမပိတ်ထားတဲ့ တံခါးအကွာအဝေးကနေ အစောင့်တွေရဲ့ ယညည်းညူသံတွေက သူမနားထဲသို့ရောက်လာ၏- "ဒီပျက်စီးနေတဲ့ ဒီဘုရားကျောင်းကြီးကို နှစ်နှစ်အတွင်း ပြိုပျက်သွားတော့မှာကို၊ ဘာဖြစ်လို့ လူတွေက လာလာကိုးကွယ်နေကြတာလဲ။  အရမ်းစိတ်ပျက်စရာကြီးပဲ။"

ဒါကိုကြားတော့ ရှောင်လျို ခေတ္တရပ်သွားပြီး ဒီည သူ့စိတ်တွေ ရုတ်တရတ် လွင့်ထွက်သွားလေသည်။

စုကျိုးမြို့က တရုတ်နိုင်ငံရဲ့ ကျော်ကြားသော ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပြီး ၎င်းက ရှေးခေတ်ကတည်းက သမိုင်းမှတ်တမ်းများတွင် မှတ်တမ်းတင်ခံခဲ့ရပြီး နှစ်ထောင်ပေါင်းများစွာ သမိုင်းကြောင်းလည်းရှိသည်ပင်။ ရှည်လျားပြီး ကျယ်ပြောလှသော သမိုင်းကြောင်းကြီးကြောင့် ဤကြီးမားလှသော ခေတ်မီမြို့ကြီးမှာ ခရီးသွားများအကြား ရေပန်းစားသော ကျောင်းနန်ဥယျာဉ် နှင့် ချီလီ ရေလယ်ရွာ တို့မှာ စုကျိုးမြို့ သမိုင်းဝင် အမွေအနှစ်များဖြစ်သော်လည်း ဝမ်သိ ကဲ့သို့ အထင်အရှားမရှိသော ဘုရားဘုရားကျောင်းငယ် လေးများရှိသည်ပင်။ ဒါတွေကလည်း ဒီမြို့ရဲပသမိုင်းမှာ  ကျန်ရစ်ခဲ့တဲ့ ခြေရာတွေပဲ မဟုတ်ဘူပါလား?

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now