ch 78

220 44 6
                                    

အခန်း ၇၈

ကောင်းကင်အထက် တိမ်များထူ ထပ်နေပြီး နေကလည်းမသာ မှောင်နေကာ ကျောက်ဆောင်တွေကလည်း နက်မှောင်နေလေသည်။

ပညာရှင်တစ်ဦးကဲ့သို့သော တရားသူကြီး ချွေ့ က သူ၏ဘယ်လက်တွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းစာအုပ်ကိုကိုင်ဆောင်ထားပြီး ညာဘက်လက်တွင် တရားသူကြီး၏ကလောင်ကိုင်ဆောင်ထားသည်။ခြေတစ်လှမ်း လှမ်းတိုင်း မီတာတစ်ရာကျော် ရောက်သွားကာ ကျယ်ပြောလှသောမြေအောက်ကမ္ဘာထဲသို့ အေးအေးလူလူလျှောက်သွား နေခဲ့သည်။

သူ့ကိုမြင်တဲ့ တစ္ဆေတိုင်းက ရှောင်ပေးကြရာ   တစ္ဆေအပေါင်းတို့သည် လမ်းလွှဲကြကုန်၏။

တရားသူကြီး ချွေ့ သွားလေရာ၌ တစ္ဆေအရာရှိများနှင့် မြေအောက်အမှုထမ်းများသည် တရားသူကြီး ချွေ့ ၏ ကြီးကျယ်ခမ်းနားသောအသွင်အပြင်ကို တိုက်ရိုက်မကြည့်ဝံ့ဘဲ ခေါင်းကို တုန်လှုပ်စွာ ငုံ့ထားကြလေ့ရှိကြ၏။ မကြာခင်မှာပဲ ယူနန်လမ်း ဟေးဝူချန် ကို နိုင်ဟယ်တံတားဆီ ခေါ်သွားခဲ့လေသည်။

နိုင်ဟယ်တံတားတွင်  မုန့်ပိုက ထိုနေရာတွင် ရှိမနေဘဲ အိမ်စောင့်ရန် သရဲတစ္ဆေနှစ်ကောင်သာ ကျန်ခဲ့ငသည်။

တရားသူကြီး ချွေ့: "မင်းက ဒီမှာစောင့်။"

ယူနန် ဟေးဝူချန် က ရပ်လိုက်ပြီး နိုင့်ဟယ် တံတားပေါ် မတက်ဘဲ "ဟုတ်ကဲ့။"

သစ်သားတံတား၊ ကျောက်စိမ်းတံတား၊ ကျောက်တံတား၊ ငွေတံတားနှင့် ရွှေတံတားအပါအဝင် တစ္ဆေတံတားငါးစင်းကို ဖြတ်၍ နိုင်ဟယ်တံတားမှ အနောက်ဘက်သို့ လျှောက်သွားလျှင် မရဏကမ္ဘာပေါ်ရှိ စိမ်းစိုနေသော နေရာငါးခုကို ရောက်ရှိမည်ဖြစ်သည်။ လှိုင်းလေထန်သော လေကြမ်းက ဝင်လာပြီး သာမန် တစ္ဆေများနှင့် နတ်တွေရဲ့ ခန္ဓာကိုယ်များကိုဆို ကြေမွသွားစေနိုင်သည်။
ဤနေရာသည် ဒုက္ခ၊ အမြင် သက်ရှိသတ္တဝါများနှင့် ကံကြမ္မာအပါအဝင် လူ့လောကရဲ့ စိမ်းစိုနေသော ချီ ငါးပါးဖြင့် ဖွဲ့စည်းထားသောကြောင့်  မရဏ ကမ္ဘာနှင့် သက်ဆိုင်သော တစ္ဆေများက းဘေးကင်းစွာ ဖြတ်သန်းနိုင်သော်လည်း အခြား တစ္တေတို့မှာတော့ အဝေးမှနေ၍ သွားလာ၍မရပေ။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now