ch 49

360 64 0
                                    

အခန်း ၄၉

မူလက လျန်ရှီ ဟင်းအနည်းငယ်ချက်ပြုတ်ပြီး မွန်းတည့်ချိန်တွင် ကောင်းကောင်းစားရန် စီစဉ်ခဲ့သော်လည်း ရှုလန်ထံမှ ဖုန်းဝင်သွားပြီးနောက်တွင် သူရုတ်တရက် အရေးတကြီး ခံစားခဲ့ရသည်။

ရှုလန် မှပေးပို့သော ပါ၀င်hostများစာရင်းရှည်ကြီးကို တွေ့ပြီးနောက် ဤအရေးတကြီးခံစားချက်မှာ နှစ်ဆတိုးလာခဲ့သည်။

ချီလင်၊ ကျုံကော၊ Sky Monkey...

ရှုလန်က ဤမျှလောက်သော နိုင်ငံလုံးဆိုင်ရာဆာဗာ ကျူကောလျောင် hostများကို ဖိတ်ကြားနိုင်ခဲ့သည် ပင်။

"နေ့လည်စာကို ခေါက်ဆွဲပဲစားရအောင်။"

လဲ့ချန်: "?"

လျန်ရှီ : "နေ့လည်မှာ ကျွန်တော် လုပ်စရာရှိလို့" သူက ကျူကောလျောင် ကို မကစားတာ ကြာပြီဆိုတော့ ဂိမ်းကို နှစ်ရက်အတွင်း မြန်မြန်ဆန်ဆန် လက် ယဉ်အောင် လုပ်နိုင်ရမယ်ပင်။

လဲ့ချန်: "အိုး"

ခေါက်ဆွဲနှစ်ပန်းကန်ပဲ မှာယူခဲ့ပြီး စုကျိုးမြို့ ဟေးဝူချန်မှာ အရမ်းကောင်းတဲ့ နေ့လည်စာဖြစ်ခဲ့မယ်လို့ မျှောင်လင့်ခဲ့ရ‌ သေးသည်။

လျန်ရှီ ခဏအကြာတွင် ခေါက်ဆွဲကို စားပြီးသွားကာ မီးဖိုချောင်ထဲသို့ ပန်းကန်လုံးနှင့် တူများကို အမြန်ထည့်ကာ အခန်းထဲသို့ ပြေးသွားလိုက်သည်။ သူ့အရှိန်က အရမ်းမြန်တာကြောင့် လျန်ရှီမှာ လဲ့ချန်ကို နှစ်လုတ်သာ စားရပြီစချိန်တွင် အခန်းထဲကို ဝင်လာခဲ့၏။

စုကျိုးမြို့ ဟေးဝူချန်က ညင်ညင်သာသာ နှာမှုတ်လိုက်ပြီးနောက် သူ့ရှေ့က ဟင်းရည်အကြည်ပန်းကန်နဲ့ ခေါက်ဆွဲကို မကျေမနပ်ဖြစ်နေပုံပေါ်ပါသည်။

မနေ့ညကမြေခွေးလေး မှာ ကျွေးထားတဲ့ အစားအသောက်နဲ့ ယှဉ်လိုက်ရင် ဒီဟင်းက အတော်ဆိုးလှသည်။ ဟေးဝူချန်က နှိုင်းယှဉ်နေပြီး ခေါက်ဆွဲကို တိတ်တိတ်ဆိတ်ဆိတ် စားနေခဲ့သည်။ ရုတ်တရက် တစ်ကိုက် ကိုက်လိုက်တာနဲ့ အခန်းထဲမှာ ကြည်လင်ကျယ်လောင်တဲ့ အသံကို ကြားလိုက်ရ၏။

"တီမီ!"

လက်ထဲကိုင်ထားတဲ့ တူက လေထဲမှာ ရပ်သွားလေသည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now