ch 96

275 57 3
                                    

အခန်း ၉၆

တောက်ပသော မီးအလင်းရောင်က ဝမ်ယွီယွမ်၏ ဖြူဖျော့သော မျက်နှာအထက် ထွန်းလင်းနေလျက်။သူ့ရဲ့ မျက်ဆံများက တုန်ခါနေကာ သူရဲ့ ‌သွားများကပင် အချင်းချင်း ရိုက်ခတ်နေလေကာ ရုတ်တရက် ထအော်လာခဲ့လေသည်။

"သရဲ!!!"

အခန်းထဲရှိ သရဲ ခြောက်ကောင်: "..."

လျန်ရှီ သူ့ခေါင်းကို ဘယ်ဘက်ကို လှည့်ကြည့်လိုက်၏။

သခင်လေး ဝမ်ကလည်း ဘယ်ဘက်ကို လိုက်ကြည့်လာလေသည်။

လျန်ရှီက သူ့ခန္ဓာကိုယ်ကို ညာဘက်သို့ စောင်းလိုက်သည်။

သခင်လေး ဝမ်ကလည်း ညာဘက်သို့ လှည့်ကြည့်လာပြန်၏။

လျန်ရှီ: "..."

တချို့လူ တွေက သည်းမခံနိုင်သော ကြောက်ရွံ့မှုအဆင့်သို့ ရောက်သွားသောအခါတွင် သူတို့၏စိတ်နှလုံးထဲတွင် ထိတ်လန့်မှုများက ကျိုးကြောင်းဆီလျော်မှုမရှိသော ဒေါသများအဖြစ်သို့ ပြောင်းလဲသွားလေ့ရှိသည်ပင်။ ထို့အတူ ဝမ်ယွီယွမ်လည်း ဘယ်ကနေ ထွက်လာမှန်းမသိတဲ့ ဒေါသကြောင့် "သရဲ"ဟု အော်ဟစ်ကာ ပြေးသွားလေသည်။

"ငါ မင်းကို ချမယ်!!!"

သို့သော်လည်း လူသားနှင့် တစ္ဆေများကြား ရန်ပွဲက မစတင်မီမှာပဲ ချက်ချင်းပင် ပြီးဆုံးသွားခဲ့လေရဲ့။

အခန်းထဲမှ လူအားလုံးက မတုံ့ပြန်နိုင်ကြခင်သေးမှာဘဲ ဝမ်ယွီယွမ်က မျက်လုံးနီရဲရဲဖြင့် လျန်ရှီ ဆီသို့ အပြေးလာခဲ့သော်လည်း နောက်တစ်စက္ကန့်မှာလည်း အနက်ရောင်အလင်းတန်းတစ်ခုကဂ ကျယ်လောင်သောအသံက ဝမ်ယွီယွမ် ဆီသို့ ပျံသန်းသွားလေသည်။

သခင်လေး ရဲ့ အော်သံ အခုထိ ကျယ်လောင် နေသေးပေမယ့်လည်း သူ့ခန္ဓာကိုယ်မှာတော့ ထိုအနက်ရောင်အလင်းတန်းက တင်းတင်းကြပ်ကြပ် ချည်နှောင်ထားခဲ့၏။

ကံကြမ္မာ လှည်းဘီးဘုရင်- "ဟေ့ နိမ့်ကျတဲ့ သေမျိုးကများ ဘယ်သူကို လာပြီး သရဲလို့ လာခေါ်နေတာလဲ၊ ငါ့သခင်ကို စော်ကားလိုက်တာလား!"
ထို့နောက် လဲ့ချန်အား ကြည့်လာကာ
"ဒီငယ်သားက သူ့ကို ချည်ထားပြီးသားမို့ စိတ်မပူပါနဲ့ သခင် ဒီငယ်သား ဆုံးမလိုက်ပါ့မယ်"

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now