ch 81(part 2)

280 59 0
                                    

ကမ္ဘာပေါ်တွင် မတရားမှုများစွာ ရှိပြီး နှစ်ပေါင်းများစွာ သေလွန်သွားသော နတ်ဆိုးများ တွင် ထိုသို့သော အဖြစ်အပျက်များ မကြာခဏ ဖြစ်ပေါ်တတ်သည်။

ဒီလိုဘဝမျိုးက သနားစရာကောင်းနေပြီဆိုရင်တော့ သေချင်လိုက်တာလို့ တစ်ချို့က ထင်ကောင်းထင်နိုင်ပေမယ့် လူတိုင်းမှာ အသက်ရှင်ခွင့်ရှိသည်ပင်။ မိသားစုနှင့် တိုင်းပြည်အကျိုးစီးပွားအတွက် မဟုတ်ဘဲနဲ့ အလကားနေရင်း သေမယ့်အချိန်ကို ထိုင်စောင့်နေခြင်းကတော့ အလွန်ရှက်စရာကောင်းလှ၏။
   
လျန်ရှီ နှင့် လဲ့ချန် က ဘာမှ ထပ်မပြောတော့ပါ။

ယခုတစ်ကြိမ်တွင် လဲ့ချန် က အမျိုးသမီးတစ္ဆေကို ထောင်ချောက်ဆင်ရန် ရွှေရောင်အယ်လ်ဘမ်ကို အသုံးပြုခဲ့ပြီး လျန်ရှီ ကြေးခေါင်းလောင်းကိုကိုင်ကာ တိုက်ရိုက်ခေါ်ဆိုခဲ့သည်။

ခေါင်းလောင်းသံ မြည်လာပြီးနောက် တစ္ဆေအမျိုးသမီးသည် အချိန်အတော်ကြာအောင် ရုန်းကန်ကာ ကြေးခေါင်းလောင်းနှင့် အချိန်အတော်ကြာ ရောထွေးနေလေသည်။ သို့သော် နောက်ဆုံးတွင် သူအော်ဟစ်ကာ လူဝင်စားခြင်းကို ခံခဲ့ရ လေသည်။

လျန်ရှီ ဤတစ်ကြိမ်တွင်တစ္ဆေအပေါ် မှော်လက်နက်ကို နားလည်နိုင်စေရန်အတွက် ကြေးခေါင်းလောင်းအား အမျိုးမျိုးသော အရာများဖြင့် စမ်းကြည့်သင့်သည်ဟု အကြောင်းပြချက်ဖြင့်လာခဲ့သော်လည်း သူမအား မရဏကမ္ဘာသို့ တိုက်ရိုက်စေလွှတ်ရန်သာ ရွေးချယ်ခဲ့သည်။

လဲ့ချန် လျန်ရှီကို တည်ငြိမ်စွာကြည့်ကာ ခဏအကြာတွင် “သူ ငရဲမှာ နှိပ်စက်ခံရပြီး ဘယ်တော့မှ လူပြန်မဖြစ်နိုင်တော့ဘူး”
   
လျန်ရှီ ဦးစွာခေါင်းညိတ်လိုက်ပြီး "သူပြောတာမှားနေသေးတယ်"

"အမ်?"

"လူ့နှလုံးသားတိုင်းက ကြောက်စရာကောင်းနေတာမျိုးမဟုတ်ဘဲ သူတွေ့ရတဲ့သူရဲ့ နှလုံးသားက  ကြောက်စရာ ကောင်းနေခဲ့တာ"

လှုပ်ရှားမှု အနည်းငယ် ခေတ္တရပ်သွားပြီး လဲ့ချန်က သူ့လက်များကို အိတ်ကပ်ထဲသို့ ထည့်ကာ လူငယ်လေးရဲ့ အနည်းငယ် ကျုံ့ နေတဲ့မျက်ခုံးမွှေးများနှင့်  ကြော့ရှင်းလှပသောမျက်လုံးများက စိုက်ကြည့်နေခဲ့သည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now