ch 16

444 85 0
                                    

အခန်း 16 – လူဝင်စားသွားသင့်တယ်။

   
"Ding Dong—" စက်ကြိုးက တဆတ် ဆတ်တုန်ပြီး ဓာတ်လှေကားက တတိယထပ် မြေအောက်ထပ်မှာ အခိုင်အမာ ရပ်တန့်သွား၏။ ချလပ် ဟူသောအသံနှင့်အတူ လေးလံသော သတ္တုတံခါးအကန့်သည် ပွင့်လာသည်။
နောက်တစ်စက္ကန့်တွင် တီရှပ်အဖြူဝတ်ထားသည့် လူငယ်လေးသည် ဘာမှမထူးခြားသလိုနှင့် ဓာတ်လှေကားမှ ထွက်လာခဲ့သည်။
အလောင်းရုံ ရေခဲတိုက်ဆီသို့ ဦးတည်သွားသော စင်္ကြံသည် အေးခဲပြီး စိုစွတ်နေသည်။ မြေအောက်အလွန်ဝေးသောကြောင့်ဖြစ်နိုင်သည် လေအေးသည် လျန်ရှီ၏ခြေဖဝါးခြေဖဝါးမှ ငယ်ထိဆီသို့ တည့်တည့်တိုးဝင်သွားပုံရသည်။ လျန်ရှီ သည် လူမရှိသော စင်္ကြံတွင် အမူရာမဲ့စွာ ရှေ့သို့ လျှောက်သွားခဲ့သည်။
သူ ရှေ့ကို ခြေလှမ်း လှမ်းပြီး နောက်ဆုံးတွင် ကျယ်ဝန်းသော အဖြူရောင် တံခါးနှစ်ပေါက်ဆီကို ရောက်သွားသည်။
လျန်ရှီ ခေါင်းမော့ကြည့်လိုက်သည်။
တံခါးနှစ်ဘက်စလုံး၏ အဖြူရောင်နောက်ခံတွင် အနက်ရောင်စာလုံးကြီးလေးလုံးရှိသည်။
လက်ဝဲဘက်တွင်"အသုဘနှင့် ဝမ်းနည်းမှုများ"ဟုရေးသားထားပြီး
လက်ယာဘက်တွင်မူ သေလွန်သောသူတို့၏ ငြိမ်သက်အိပ်စက်ရာ"ဟုရေးသားထားသည်။
တံခါးရှေ့မှာ ရပ်နေတဲ့ လူငယ်ချောလေးက သူ့မျက်လုံးတွေကို မှိတ်ထားလိုက်၏။ ထို့နောက် လက်ကိုင်ကိုဆွဲကာ တံခါးကိုတွန်းဖွင့်လိုက်သည်။
"ကလပ်"
တံခါးကို  မဖွင့်ထားတာ တော်တော်ကြာပုံရ၏။ အိုမင်းရင့်ရော်နေပြီဖြစ်၍ တွန်းဖွင့်လိုက်သည်နှင့် တပြိုင်နက် အသံထွက်လာသည်။ တံခါးဖွင့်လိုက်သည်နှင့် အတွင်းမှထွက်လာသော မီးမှိန်မှိန်မှိန်မှိန်သည် လူများကို မသိစိတ်ဖြင့်အရာများကို ရှင်းရှင်း လင်းလင်းမြင်နိုင်စေရန်  ဆွဲဆောင်နေသကဲ့သို့ပင်။ သို့သော်လည်း လျန်ရှီ သည် သူ့နှုတ်ခမ်းများကို တင်းတင်းစိလိုက်ပြီး ဘယ်ဘက်လက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ခဲ့သည်။
သူ့လက်ကောက်ဝတ်က ခေါင်းလောင်းက အလိုအလျောက် ရွေ့သွား၏။
Omm

   
လျန်ရှီ သည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ဆီသို့ ပျံသန်းလာသော ပိုးကောင်နက်ကို ဖမ်းလိုက်သည်။ပိုးကောင်ကို သူ့လက်ဖဝါးမှာ ဖမ်းမိပြီးနောက် အနည်းငယ် ရုန်းကန်ပြီးနောက် ရုတ်တရက် ငြိမ်သက်သွားသည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now