ch 102

142 30 0
                                    

အခန်း ၁၀၂

သေမျိုးအားလုံးက လူဝင်စားခြင်း လမ်းခြောက်သွယ် ဆီသို့ ရောက်ကြရကာ ၎င်းတို့၏အတိတ်ဘဝကို ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ကျမ်းထဲမှာ ရေးမှတ်ထားလေ့ရှိ၏။


ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ကျမ်းမှာ မရဏ လောကရဲ့ ပထမဆုံးသော မှော်လက်နက်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးကို မှတ်တမ်းတင်နိုင်သော ထိပ်တန်းမှော်လက်နက်လည်းတစ်ခုဖြစ်သည်ပင်။

လဲ့ချန် ပြောသည့်အတိုင်း တရားသူကြီး ချွေ့က တရားသူကြီး လေးဦး၏ အကြီးအကဲဖြစ်ပြီး၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ကျမ်းကို တာဝန်ယူရသူလည်း ဖြစ်သည်။ သက်ရှိသတ္တဝါအားလုံး လူဝင်စားခြင်းသို့ ဝင်ရောက်နေသမျှ ကာလပတ်လုံး ၎င်းကို သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ဆိုနိုင်ပါသည်။

သူ၏ယခင်ဘဝက အရပ် ငါးရပ်၏ဧကရာဇ်ဖြစ်ခဲ့သည်ဖြစ်စေ၊ တော၌အမည်မဲ့မြက်ပင်ပဲ ဖြစ်ခဲ့စေ ပါစေ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ကျမ်း၏စောင့်ကြည့်ခြင်းမှလွတ်ကင်းနိုင်မည်မဟုတ်ပေ။

အခု တစ်ခုခုဖြစ်သွားခဲ့ လေပြီ။

တရားသူကြီး ချွေ့မှာ မျှတသော ပညာရှင်၏ မျက်နှာနှင့် ဘယ်ဘက်လက်၌ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ကျမ်းကို ကိုင်ဆောင်ထားပြီး တရားသူကြီး၏ ကလောင်အား သူ၏ညာလက်တွင် ကိုင်ဆောင်ထားခဲ့သည်။ မရဏရဲ့သခင်၏ အေးစက်စက်နှင့် သနားညှာတာမှုကင်းသော အကြည့်များအောက်တွင် သူမှာ ရုတ်တရက် တွန်းအားတစ်ခု ပေါ်လာကာ- ထိုသူ လူဝင်စားရမည့်အချိန်ဖြစ်သည်ကို သိရန် ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ကျမ်း ကို အမှန်တကယ် စစ်ဆေးကြည့်ချင်လာခဲ့၏။

ဒါပေမယ့် တရားသူကြီး ချွေ့ လည်း အလွန်စိတ်မကောင်းဖြစ်နေကာ ချွေးတွေ တသီတကြီး စီးကျနေပြီး

"အရှင်... အရှင် ကြီးပြောတာ မှန်ပါတယ်။ ဝမ်ယွယ်ချင်းရဲ့ ကိစ္စမှာ ဒီလိုကြီးကြီးမားမား ချို့ယွင်းချက်တစ်ခု ဖြစ်ပွားခဲ့တာ ဒီ ငယ်သားရဲ့ အပြစ်ပါပဲ" လို့ ရိုးသားစွာ ဝန်ခံလာခဲ့၏။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now