အခန်း ၈၁
အသက်ရှင်နေချိန်မှာတုန်း ရာထူးတိုးပြီး လစာတိုးချင်တယ်ဆိုရင်၊ အထက်လူကြီးနဲ့ဆက်ဆံရေး ကောင်း အောင် ကြိုးစားခဲ့ရကာ သေပြီးတဲ့ နောက်မှာ လည်းသူ့အထက်လူကြီးကို ကျေနပ်အောင် ဆက်လုပ်နေရအုံး မှာလို့ လျန်ရှီ မ မျှော်လင့်ထားခဲ့။
မထက်တန်းကျောင်းတက်တုန်းက ဆရာက အမြဲပြောခဲ့သလိုပဲ "တက္ကသိုလ် ရောက်ရင် မင်းတို့ လုပ်ချင်တာ လုပ်လို့ရပြီ"ဟူသော စကားကဲ့သို့ပင်။
ကျောင်းသားအများအပြားက အနာဂတ်အတွက် ပြင်းပြသော မျှော်လင့်ချက်များနှင့် မျှော်မှန်းချက်ဖြင့် တက္ကသိုလ်ကျောင်းဝင်းထဲသို့ ရောက်လာကြသည်။
ထို့နောက် လက်တွေ့ကို ရင်ဆိုင်လိုက်ရတဲ့အခါ ဂျင်းမိသွားပြီ ဆိုတာကို သိလိုက်သလိုပါပဲ။
"ဒီနည်းလမ်းကို ဘယ်သူက ညွှန်ကြားတာလဲ။"ကင်းစောင့်က ခေါင်းကို မော့ပြီး လဲ့ချန်ကို ခဏလောက် သတိထားပြီး ပြန်ပြောလိုက်၏။
“ဒါက အားလုံး သဘောတူညီ ထားတဲ့ သဘောတူညီချက်ထင်တာပဲ” လို့ ပြောပြီး နောက်သူက ရှင်းပြလာ၏ “ဒီအကြောင်း ကျွန်တော်မျိုး တကယ်မသိပါဘူး။ ဒီငယ်သာ ကျောင်းနန်လမ်းရဲ့ ပိုင်ဝူချန် ဖြစ်လာတာ အနှစ်တစ်ရာ ပဲရှိ သေးတာပါ။ ကျွန်တော် တစ္ဆေအရာရှိဖြစ်လာတဲ့ အချိန်က မြင့်မြတ်တဲ့ နတ်တရားရုံးကပျက်စီးနေနှင့်ပြီးပါပြီ။အခုလို နည်းနဲ့ပဲ ရာထူးတက်လာတာမို့ ကျွန်တော်မျိုး မဟုတ်ဘဲ ကျောင်းကွေ့ဆိုရင်တော့ ပိုသိလောက်မှာပါ။ ကျွန်တော်မျိုး ကျောင်းကွေ့ကို မေးပေးရမလား?"
"မလိုပါဘူး" လျန်ရှီ က ခေါင်းခါလိုက်သည်။
မရဏရဲ့ ဥပဒေ အများစုသည် တရားမျှတ၍ သာတူညီမျှ သာဓကအားဖြင့် လူဆိုးများက ငရဲသို့ သွားကြပြီး လူကောင်းများ က ကောင်းသော အကျိုးများ ရရှိကြသည်။ သို့သော်၊ အသေးစိတ်အချက်များစွာတွင်၊ ၎င်းတို့ကိုဖြေရှင်းရန် မျှော်လင့်မထားသောနည်းလမ်းအချို့ ရှိနေမြဲပင်။ ဥပမာအားဖြင့်၊ ဝမ်ကျိုး တစ္ဆေအရှာရှိ ကငရဲတွင် နှစ်အတော်ကြာ ညှဉ်းပန်းနှိပ်စက်ခံရပြီး ဝက်အဖြစ် လူဝင်စားခံရမည်ဟု ယူဆရသော်လည်း သူရဲ့ အလှပဖြင့် ကျောင်းနန်လမ်းဟေးဝူချန်ရဲ့ နှစ်ခြိုက်မှုကိုခံသောကြောင့်၊ သူဤကဲ့သို့ အဆုံးသတ်ခဲ့သည်။
YOU ARE READING
{COMPLETED} Can't save the world by pretending to be dead
HorrorAuthor(s) Mo Chen Huan 莫晨欢 Artist(s) N/A Year 2020 Status in COO 110 Chapters (Complete)