ch 70

350 66 0
                                    

အခန်း ၇၀

နေရောင်က တောက်ပနေပြီး မနက်ခင်းမှာ မြူမှုန်တွေက ပါးနေဆဲ။ နံနက်နေရောင်က တဖြည်းဖြည်း မြင့်တက်လာပြီး  အိပ်ပျော်နေသော ဤမြို့ကို နိုးထ လှုပ်ရှားစေခဲ့သည်။

လျန်ရှီ ကားထဲမှ ဆင်းလာပြီး သူ့ရှေ့တွင် ရိုးရိုးရှင်းရှင်း ရိုးသားသော အပြုံးဖြင့် ရပ်နေသော  ထို ဦးလေးကို ကြည့်လိုက်၏။

အေးမြသောနိုဝင်ဘာနေရောင်ခြည်မှာ ဦးလေးလီအပေါ်သို့ တောက်ပလာကာ သူရဲ့ရုပ်သွင်က ပို၍ပို၍  ဖျော့တော့လာသော်လည်း သူကတော့မည်သည့်အရာကိုမျှ သတိမထားမိပုံပေါ်ကာ လျန်ရှီကိုသာ ပြုံးလျက်ကြည့်နေခဲ့သည်။ မနက်စောစော မှာ မြွေသားအိတ်တစ်လုံးနဲ့ လျန်ရှီ ဆီကို သူဘာလို့ လာခဲ့ရတာလဲဆိုတာကို သူဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။

ကင်းစောင့်လည်း တံခါးဖွင့်ပြီး ကားထဲက ထွက်လာလိုက်၏။

သူ လျန်ရှီ ၏ဘေးတွင်ရပ်ကာ ချီတုံချတုံနှင့်ပြောလိုက်သည်- "မိုးလင်းလာပြီ၊ သူကြည့်ရတာ အလေးအနက်စွဲလမ်းခြင်းမရှိတဲ့ သာမန်လေလွင့်တစ္ဆေတစ်ကောင်ပါပဲ။

  သခင်လေး၊ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကို ကံကြမ္မာကပဲဆုံးဖြတ်ပါတယ်။ သူရဲ့ဝိညာဉ်က မရဏကမ္ဘာရဲ့တံခါးရှစ်ပေါက်ကိုဖြတ်သွားခဲ့ပြီ။  သူသေဆုံးသွားခဲ့ပြီ။ နေရောင်ပိုလို့တောက်ပလာတဲ့အခါ သူ့စိတ်ဝိဥာဉ်က ပိုလို့တောင် အသိစိတ်မဲ့သွားပြီး သူ့ဘာသာသူ လူပြန်ဝင်စားသွားပါလိမ့်မယ်။”

သူ့နောက်မှာ တံခါးပိတ်သံ တိုးတိုးတိတ်တိတ် ထွက်ပေါ်လာပြီး လျန်ရှီကလှည့်ကြည့်ရာ အနက်ရောင် ၀တ်စုံ လဲ့ချန်က ကားထဲမှ ဆင်းလာခဲ့သည်။

       
အသံမထွက်ဘဲ တစ်ဖက်လူကို အေးအေးဆေးဆေးကြည့်လိုက်သော်လည်း လဲ့ချန်ကတော့သူ့မျက်လုံးများထဲက အဓိပ္ပါယ်ကို နားလည်လိုက်သည်။

သူ့ပါးလွှာ သောနှုတ်ခမ်း တခဏအကြာတွင် သူ့ကို တိုက်ရိုက်မပြောလာဘဲနဲ့ ငြိမ်သက်စွာ ကြည့်နေကာ
"ရှင်သန်ခြင်းနဲ့ သေခြင်းဆိုတာက ဝိညာဉ်တွေရဲ လူဝင်စားခြင်း လုပ်ငန်းစဉ်သပ်သပ်ပဲ" ဟု ပြောလာခဲ့သည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now