ch 110 {END}

711 73 10
                                    

အခန်း ၁၁၀

ကျယ်ပြောလှပြီး  လူသူ ကင်း နေတဲ့ မြို့ကြီးမှာ တောက်ပတဲ့ ကောင်းကင်စိမ်းပြာပြာက ဖုံးလွှမ်းသွားပြီး အေးစက်တဲ့လေက အဝါရောင်တောက်နေပြီတဲ့ သစ်ရွက်ခြောက်တွေကို မြေပြင်ပေါ်မှ မှုတ်ထုတ်လိုက်လေ၏။

လျန်ရှီ က ခေါင်းကို အနည်းငယ်မော့ပြီး သူ့ဘေးကလူကို ကြည့်လိုက်သည်။

သူတို့စတွေ့တုန်းကလိုပဲ ဒီလူဟာ ညနက်မှာ ဖြည်းညှင်းစွာ လမ်းလျှောက်နေခဲ့ပြီး သူ့ခန္ဓာကိုယ်ကနေ ပိုးစုန်းကြူးတွေလို ရွှေရောင်အလင်းတန်းတွေနဲ့ ဝန်းရံနေ ခဲ့လေရဲ့။ ထိုအချိန်က လမ်းတစ်ဖက်မှ လျန်ရှီသည် ထိုလူရဲ့ ဘေးနားသို့ လျှောက်လာခဲ့ရာ ရွှေရောင်အလင်းတန်း တွေရဲ့ အလွန် နက်မှောင်သော မျက်လုံး တစ်စုံအား တွေ့ခဲ့ရလေသည်။

ယခုမူ လဲ့ချန်မှာ  စိမ်းပြာရောင် ကောင်းကင်အောက်တွင် ရပ်နေခဲ့၏။ သူ့မှာ အေးစက်ပြီး ပြေပြစ်တဲ့ မျက်နှာရှိပြီး သူ့အမူအရာက ဘာမှမထူးခြားသလို တခြားသူတွေကို ငုံ့ကြည့်နေတဲ့ သူ့အမူအရာကတော့ လုံးဝပြောင်းလဲသူက ထိုစဉ်က ကဲ့သို့ အေးစက်ကာ ချောမော မျက်နှာ နှင့်  ဘာမျှ မထူးခြားသလို  လူတွေအား စိုက်ကြည့်ပုံက တော့ မပြောင်းလဲမသွားပါဘူး။ သို့သော်၊ သူက အားလုံး နဲ့ ဝေးကွာ အထီးကျန် နေသော နတ်ဘုရား မဟုတ်တော့။

အချိန်အတော်ကြာပြီးနောက်

လျော: "လူတွေအများကြီးက တကယ်သေနိုင်တာလား။"

လဲ့ချန် က သူ့ကို တိတ်တဆိတ် ကြည့်ပြီး "လင်းဝိန်ယန် က အရမ်းအားနည်းတယ် ဆိုပေမယ့် သူလိမ်တာ ရှားတယ်။"

"မင်း သူတို့ကို မသေစေချင်ဘူးမလား"

ခဏတိတ်ဆိတ်သွားပြီးနောက် လဲ့ချန် က ပြုံးပြီး "မင်း လဲ သူတို့အသက်ရှင်နိုင်ဖို့မျှော်လင့်နေတာမလား"

လျန်ရှီ က မဖြေ။

လဲ့ချန် က "ငါလည်း အဲ့သလိုပဲ မျှော်လင့်တယ်"

ထိုစကားများ ပြောလာပြီးနောက်၊ မြေအောက်ကမ္ဘာ၏အရှင်သခင်သည် လျန်ရှီ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့် သူ့လက်ကိုဖွင့်ဟ ပေးလိုက်သည်။ လဲ့ချန်  နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ လျန်ရှီ! ကို စေ့စေ့ကြည့်ပြီးနောက် လေထုထဲတွင် လွင့်ပျံ့ လျက်ရှိသည့် ကြေးခေါင်းလောင်းကြီးကို  အပေါ်သို့ သူ့အကြည့်များ ရွေ့သွား လေ၏။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now