ch 59

315 67 2
                                    

အခန်း ၅၉

ညအခါ၌။

မှောင်မဲနေသော အခန်းထဲတွင်၊ အသက်ရှူသံ အနည်းငယ်မှလွဲ၍ အရာအားလုံး တိတ်ဆိတ် နေလျက်ရှိ၏ ။

လူတို့မှာ အမြင်အာရုံ ချို့တဲ့သွားသောအခါ၊ အချိန်ကာလ ဖြတ်သန်းမှုမှာ အလွန်နှေးကွေးသွားသကဲ့သို့။ ဆယ့်ငါးမိနစ်လောက် ကုန်သွားသော်လည်း နာရီဝက် လောက်ကျော်သွားနိုင်သကဲ့သို့။ ရုတ်တရက် အမှောင်ထဲမှ တစ်နေရာမှ  အဝတ်များ ပွတ်တိုက်သံ ကြောင့် လျန်ရှီ၏ နှလုံးသားက လှုပ်ရှားသွားကာ သူ့လက်ကောက်ဝတ်ရှိ ကြေးခေါင်းလောင်းကို ဆုပ်ကိုင်လိုက်ပြီး လဲ့ချန်သည်လည်း အဖြူရောင် ကျောက်စိမ်းတံဆိပ်ကို ထုတ်ယူလိုက်သည်။

သံချေးတက်နေသလို အသံက ပိုကျယ်လောင်လာတဲ့အခိုက်အတန့်တွင် ကင်းစောင့်က နှိမ့်ချစွာ အော်လိုက်သည်။

"ငါ ကျောင်းနန် ပိုင်ဝူချန် က နတ်ဆိုးတွေကို မြန်မြန်ပြန်ဆုတ်ဖို့ အမိန့်ပေးတယ်။"

"ဇီ--"

အခန်းထဲမှာ ထူးဆန်းပြီး ထူးဆန်းတဲ့ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

အသားလောင်ကျွမ်း‌ နေတဲ့အသံသကဲ့သို့  ကင်းစောင့်က သူရဲ့ပိုင်ဝူချန် မှတ်တမ်းကို အသုံးပြု၍ အလင်းတန်းများစွာကို ထုတ်လွှတ်ကာ ကြီးမားသောပိုက်ကွန်တစ်ခုနှင့် သူတို့သုံးယောက်နှင့် မဝေးသော နေရာ၌ ရှိနေတဲ့အမှောင်ရိပ်တစ်ခုကို ဖုံးအုပ်ထားသည်။ ဤပိုက်ကွန်က အလင်းအနည်းငယ်မျှ ပေးစွမ်းသဖြင့် လျန်ရှီက ၎င်း ဖုံးအုပ်ထားသောလူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

လျိုချန်ပင်။

လျိုချန်ရဲ့ မျက်လုံးများက မျက်သားအဖြူစစ်စစ်သို့ လုံးဝပြောင်းလဲသွားကာ  ချီကျင့် ပြောသည့်အတိုင်း အိပ်ပျော်ပြီးနောက် သူမ အိပ်ရင်း ပြန်ထလာခဲ့ပြီ။ ဒါပေမယ့် ကင်းစောင့် ဒီပိုက်ကွန်နဲ့  ခောင်ဖမ်းပြီးတဲ့ နောက်မှာတော့ သူမရဲ့ ခန္ဓာကိုယ်မှ စူးစူးရှရှ အသံထွက် ပေါ်လာပြီး မျက်နှာတစ်ခုလုံးကလည်း ပုံပျက်ပန်းပျက်နဲ့ဖြစ်နေကာ အော်ဟစ်နေခဲ့လေ၏။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now