ch 30

392 58 2
                                    

အခန်း ၃၀

လျန်ရှီ နှင့် လဲ့ချန် တို့ အောက်ထပ်သို့ ဆင်းသွားသောအခါတွင် နေဝင်ချိန်ဖြစ်၍ ကောင်းကင်တွင် နေဝင်ချိန် အရောင်စုံများ အပြည့်ရှိနေလျက်။

ကောင်းကင်ကြီး မှောင်စပြုလာသည်နှင့်အမျှ လမ်းပေါ်ရှိ အလင်းရောင်ကို အာရုံခံနိုင်သော လမ်းမီးတိုင်များလည်း ထွန်းညှိလာခဲ့ပြီဖြစ်သည်။

လျန်ရှီ က သူ့လက်ထဲက ပိုင်ဝူချန်မှတ်တမ်းကို ငုံ့ကြည့်ရင်း ဒါဟာ လွဲမှားမှုတစ်ခုလားလို့ တွေးမိလာ၏။ ဟေးဝူချန်က လတစ်လ၏  စုတ်ပြဲနေသော စာမျက်နှာများ ပေါ်ရှိတစ္ဆေအရာရှိစွမ်းဆောင်ရည် အဆင့်သတ်မှတ်ချက်များ၏ကို ပြန်ကြည့်လိုက်သည်။

ထို့နောက်၊ အဖုံးပေါ်ရှိ “သေမင်းမှတ်တမ်း” ဟူသော စာလုံးကြီးသုံးလုံးသည် ပိုမိုတောက်ပလာသည်ဟု နားမလည်နိုင်စွာဘဲ ခံစားခဲ့ရသည်။ သေမင်းမှတ်တမ်းတစ်ခုလုံး၌ နဂိုရှိရင်း ထက်အလွှာပိုတဆင့် ထွက်ပေါ်လာခဲ့သည်။

       
ရှေးအခါက တစ္ဆေအရှာရှိများအာ့ အသပြာဆင့် ၅၀ ဖြင့် ရောင်းချခဲ့သော်လည်း ယခုအခါ တစ်ဒေါ်လာအထိ ဈေးတက်သွားခဲ့သည်။

ဒါဟာ တကယ်ကို ရာစုနှစ်ရဲ့ အပြောင်းအလဲပါပဲ။

စုကျိုး ၏ ပိုင် ဟေးဝူချန်နှစ်ဦးက သန်းခေါင် ၁၂ နာရီတွင် သရဲဖမ်းရန် အမြဲထွက်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် သရဲတစ္ဆေများက ညအချိန်တွင်သာ ပေါ်လာရုံသာမက လျန်ရှီ မှာလည်း ည ၈ နာရီမှ သန်းခေါင် ၁၂ နာရီအထိ တိုက်ရိုက်ထုတ်လွှင့်ရသောကြောင့် ဖြစ်သည်။

ဒါပေမယ့် ဒီနေ့တော့ ခွင့်တောင်းထားပြီးဖြစ်၏။

အခြားအကြောင်းကြောင့် မဟုတ်ဘဲ၊ သူက  စံနမူနာပြ တစ္ဆေအရာရှိ ဖြစ်ချင်သောကြောင့် ဖြစ်သည်။

လျန်ရှီ သည် လဲ့ချန် ကို လေးလေးနက်နက် ကြည့်ပြီး "အရှင်  ဟေးဝူချန်၊ ဒီနေ့ ဘယ်မှာ သရဲတွေကို ဖမ်းကြမလဲ"

  လျန်ရှီ က အဲဒီအကြောင်းကို စဉ်းစားပြီး ယုံကြည်စိတ်ချရတဲ့ အကြံပြုချက်တစ်ခုကို တင်ပြလိုက်လေတော့သည်- "တမြန်မနေ့က ကျွန်တော်တို့ နည်းပညာမြင့် ခရိုင်ကိုရောက်ခဲ့ပြီ။ မနေ့ကလည်း ကျွန်တော်တို့ ဝူကျန် ကို သွားခဲ့ပြီးသားဆိုတော့၊ ဒီနေ့ စုကျုး မြို့အောက်က နယ်ငယ်လေးတွေကို သွားကြည့်ရင် ကောင်းမလား?"

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now