ch 57

341 64 0
                                    

အခန်း ၅၇

"ဒါနဲ့ချီဖု က ပိုင်ဝူချန်ရော ဘယ်လိုနေသေးလဲ?" လျန်ရှီ  က ဇွန်းနဲ့ ဂျုံယာဂုတစ်ဇွန်းကိုခပ်ပြီး ချဉ်ဖက်နှစ်ခုကိုက်စားကာ စားပွဲတစ်ဖက်မှာထိုင်နေတဲ့ သူ့အခန်းဖော်ကို ကြည့်လိုက်၏။

စုကျောင်း က ပန်ကိတ်တွေ စားနေဆဲဖြစ်ကာ ထိုမေးခွန်းအား ကြားလိုက်ရတော့ နှုတ်ခမ်းကို တင်းတင်း စေ့ပြီး "ဘာဖြစ်ရမှာလဲ။ သူကဆယ်စုနှစ်တွေ အများကြီး နေလာခဲ့တာမို့ ပန်းပဲဆရာရဲ့ အစွမ်းက သာမန်ထက်တော့ ရှိပေမယ့်  ငါ့ဦးလေးလောက် ပိုမကောင်းနိုင်ဘူး လေ။

ငါ့ဦးလေး နဲ့ ချီကျင့်  ထင်းရှူးပင် ဝိညာဉ်အိုဟေးဝူချန်တို့ အားလုံးပေါင်း ငါ တို့ လေးယောက် စလုံး မနေ့ ကမှမြေအောက်ကမ္ဘာက လွတ် လာတဲ့ နတ်ဆိုး ကို ဖမ်း မိထားတာ၊ပြန် ပြေးလာခဲ့တုန်းက ပန်းပဲဆရာကဒဏ်ရာနည်းနည်းရသွား ပေမယ့်လည်း အခုဆို သူ့ ဒဏ်ရာတွေကနေ ပြန်ပြီး သက်သာလာခဲ့ပါပြီ။"

         ခဏနားပြီးမောက် စုကျောင်း က ဘေးမှာရပ်နေတဲ့ ကျောင်းနန် ပိုင်ဝူချန် ကိုကြည့်ပြီး "ဟေ့ ခင်ဗျားက ငရဲပြည်က လာတာ မဟုတ်ဘူးလား၊ ဘာဖြစ်လို့ ရန်ဖြစ်နေကြတာတဲ့လဲ ခင်ဗျားရော အဆင်ပြေရဲ့လား?"

ငရဲဘုရင်တွေကြားက ဒီလိုတိုက်ပွဲမျိုးက သူတို့လို  အရာရှိငယ်လေးတွေနဲ့ မဆိုင်ဘူးလို့  ပြုံးပြီးပြောတော့မယ့် အချိန် စုကျောင်း က ခေါင်းညိတ်ပြီး သူ့ဖာသာသူ မေးပြီး သူ့ဖာသာသူပြန်ဖြေလိုက်၏။

" အိုး ဟုတ်သား ခင်ဗျားလည်း ဒဏ်ရာရနေတာပဲ ခင်ဗျားမျက်နှာက ရောင်နေတာ လေ "

ကျောင်းနန် ပိုင်ဝူချန် : "..."

လျန်ရှီ: "..."

နှစ်ယောက်စလုံး ရိုက်တဲ့တရားခံအား ဤအခြေအနေ၌ လှမ်း၍ကြည့်လိုက်သည်။

လဲ့ချန် ယာဂုသောက်နေဆဲဖြစ်ရာ သူ့တို့အကြည့်ကို သတိပြုမိကာ မျက်ခုံးပင့်၍

  " ဘာကြည့်တာလဲ"

ငိုချင်ပေမယ့် မျက်ရည်မကျလာ။

မြေအောက်ကမ္ဘာမှာ ရန်ပွဲဖြစ်တဲ့အခါက သူ့မှာ အပုန်းကောင်းအရှောင်ကောင်းသဖြင့် ဒဏ်ရာမရရှိခဲ့သလို့ ယင်နဲ့ယန်ကြားက ကွာဟချက်ကို  ပရမ်းပတာ ဖြတ်ကျော်သွားတဲ့အခါကလည်း ဒဏ်ရာမရရှိခဲ့ပါဘူး။ သို့သော် သူ လူ့လောကသို့ ရောက်ရှိလာပြီး သူ့ထက် အဆင့်နိမ့်သော တစ္ဆေအရာရှိကြောင့်မှ ဒဏ်ရာများ ရရှိခဲ့တာသတဲ့လား။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now