ch 79

270 55 1
                                    

အခန်း ၇၉

   
သူ့မျက်ခုံးတွေ အနည်းငယ် ကျုံ့သွားကာ အချိန်အတော်ကြာပြီးနောက်
“ငါက ဆယ့်ရှစ်ထပ် ငရဲအဆင့်ကနေ တွားသွားတက်လာတဲ့ နတ်ဆိုးတစ်ကောင်လား”
လို့ မေးလာ၏။

ထိုလူရဲ့ နက်မှောင်နက်နဲသော မျက်လုံးများထဲ၌ သံသယနှင့် မယုံကြည်မှုများဖြင့် ပြည့်နှက်နေသော်လည်း လျန်ရှီရဲ့ လေးနက်တည်ကြည်သော အမူအရာများကို ကြည့်လိုက်သောအခါတွင်မူ သူ့စိတ်ထဲတွင် အလွန်ခိုင်မာသော အတွေးများမှာ ယိမ်းယိုင်လာခဲ့လေပြီ။ ခဏလောက်စဉ်းစားပြီးနောက် Mr. လဲ့ က လေးနက်တဲ့လေသံနဲ့
  "...ဘာလို့လဲ?"

လျန်ရှီ က ဒီအဖြေကို မပြောခင်အထိ၊ လဲ့ချန် က သူသည် မြေအောက်ကမ္ဘာက  မကောင်းဆိုးဝါး နတ်ဆိုး တစ်ကောင်ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

သာမာန်လူတစ်ယောက်လိုပင် နေခဲ့ရာမှ အခုအခါ သူကနှစ်ပေါင်းများစွာ ပြေးလွှားနေခဲ့သော အလိုရှိရာဇ၀တ်ကောင်ကြီးဟု ရုတ်တရက် ခံစားလာရပြီး သူကိုယ်တိုင်လည်း နတ်ဆိုးဟု တစ်ခါမှ မထင်ခဲ့ချေ။
   
   

နတ်ဆိုးဆိုသည်မှာ လူတွေကို သတ်ခြင်း၊ သတ္တဝါ တွေရဲ့အသက်ကို ဖျက်ဆီးခြင်း၊ ကောင်းကင် ဘုံ၏ နိယာမများကို ဆန့်ကျင်ခြင်း၊ သက်ရှိသတ္တဝါများကို ဒုက္ခပေးခြင်း၊ နတ်ဘုရားများရဲ့ ပြစ်ဒဏ်ပေးခြင်း ခံရ သော တစ္ဆေဖြစ်၏။

သူက က ဘယ်လိုလုပ်နတ်ဆိုးတစ်ကောင် ဖြစ်နိုင်မှာလဲ။
သူက ဥပဒေလိုက်နာသော ဟေးဝူချန်ဖြစ်ကာ  အချိန်အများစုမှာ မကြာခဏ ပျင်းရိပြီး ဂိမ်းကစားကာ အခုတလော တစ္ဆေတွေ သိပ်မဖမ်းဖြစ်တတ်သော်လည်း အကျင့်ပျက်ခြစားခြင်း သို့မဟုတ် ဥပဒေကို ချိုးဖောက်တဲ့ တစ်စုံတစ်ရာ မှမလုပ်ခဲ့ဖူးပေ။ ဒါ့အပြင်……

သူက နတ်ဆိုးဟုတ်မဟုတ်  ‌စိတ်ပူမယ့်အစား...
အေးအေးဆေးဆေး ငုံ့ကြည့်လိုက်ရင်း လူငယ်လေးရဲ့ ချောမောသော မျက်နှာကို စကင်န်ဖတ်ကာ မျက်ခုံးပင့်၍ ပေါ့ပေါ့ပါးပါး ကြည့်နေလိုက်သည်။

လျန်ရှီက ဘာလို့ သူ့ကို နတ်ဆိုးလို ထင်သလဲ ဆိုတာကို ပို၍ပင် သိချင်မိသည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now