အခန်း ၄၃
လျန်ရှီက ရှုလန် ကို ဒီမှာတွေ့ဖို့ မမျှော်လင့်ထားဘူး။
Cat fur sauce အဖြစ်အပျက်ပြီးကတည်းက ရှုလန် ကိုမတွေ့တာ နှစ်လလောက်ရှိပြီဖြစ်ပြီး နှစ်ယောက်စလုံးက ဖုန်းနဲ့ သာ ဆက်သွယ်ကြ လေ့ရှိသည်။
တကယ်တော့ရှုလန် ဟာ လည်း လျန်ရှီ ကိုတွေ့ဖို့ မမျှော်လင့်ခဲ့ပါဘူး။ တစ်ဖက်လူကိုမြင်သောအခါတွင်ရှုလန် က လျန်ရှီက သဘာဝလွန် ဖြစ်ရပ်အတွက် ရောက်လာနိုင်သည်ဟု မသိစိတ်ကနေ ခန့်မှန်းခဲ့သည်။ သို့သော် လျန်ရှီဘေးတွင် ရပ်နေသော လူနှစ်ယောက်ကို သူမြင်လိုက်ရသည်။ အနက်ရောင်ဝတ်ထားသော အမျိုးသားတစ်ဦးက တင်းမာသောအသွင်အပြင်ရှိပြီး နောက်တစ်ယောက်မှာ တုံးအပုံရသော အလယ်တန်းကျောင်းသလေးဖြစ်သည်။
သရဲတစ္ဆေဖမ်းဖို့ အရွယ်ရောက်ပြီးတဲ့လူကို ခေါ်လာရတာက အဓိပ္ပာယ်ရှိပေမယ့် ကလေး တစ်ယောက်ကို သရဲတစ္ဆေဖမ်းဖို့ အပြင်ကို ခေါ်သွားတာက...
ရှုလန် က ပြုံးပြီး "မင်း ခရီးသွားရင် ငါ့နာမည်ကို သုံးလို့ရတယ်။ ငါ့ကုမ္ပဏီက ဟိန်သျန် ကမ္ဘာစတူဒီယို မှာ ရင်းနှီးမြှုပ်နှံမှုတွေ ရှိတာမို့ တန်းစီနေစရာ မလိုဘူး။"
မထင်မှတ်ပဲ၊ တစ်ဖက်လူက သူ ခရီးသွားတာလို့ အထင်မှားသွား၏။ လျန်ရှီ က သူ့နှုတ်ခမ်းတွေကို လှုပ်လိုက်ပြီး ချေပချင်ပေမယ့် ငြင်းလိုက်ရင် သူက ခရီးသွားမဟုတ်တဲ့အတွက် ဟိန်သျန် ကို ဘာကြောင့် လာရသည်အား ရှုလန် ကို ရှင်းပြရမည်ပင်။ ထို့ကြောင့် သူက ခရီသွားတယ်ဟူသော ဆင်ခြေကိုပဲ ရွေးခဲ့သည်- "ကျေးဇူးတင်ပါတယ်"။
ရှုလန် - "မင်း ကျေးဇူးတင်စရာ မလိုဘူး။ ဒါဆို ငါလုပ်စရာရှိလို့ အရင်သွားလိုက် တော့မယ်။"
ရှုလန်တကယ်အလုပ်ရှုပ်နေပုံရပြီး နှုတ်ဆက်ပြီး လှည့်ထွက်ခဲ့၏။
လျန်ရှီ သူ့နောက်ကျောကို ကြည့်လိုက်ဂင်း ရုတ်တရက် သူ့စိတ်ထဲတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ မနေ့ညက သူ့အား ခေါ်လာတဲ့ ဖုန်းကို သတိရသွား၏။ ရှုလန် ပြောခဲ့တဲ့ တစ်ခုခုမှားနေတဲ့ မင်းသား က ရှောင်ဟူလိ ကြိုက်တဲ့ သူ ဖြစ်နိုင်ပါ့မလား။
YOU ARE READING
{COMPLETED} Can't save the world by pretending to be dead
TerrorAuthor(s) Mo Chen Huan 莫晨欢 Artist(s) N/A Year 2020 Status in COO 110 Chapters (Complete)