ch 101

249 44 0
                                    

အခန်း ၁၀၁

အဖြူ ရောင်အင်္ကျီနှင့် လူငယ်လေးက  အကျီ လက်ကိုမတင်ထားရာ  သူ၏လက်ကောက်ဝတ်ရှိ နက်မှောင်သော ခရမ်းရောင်အမာရွတ်များကို ပေါ်လွင်စေလျက်သား။

ဝမ်ယွယ်ချင်း က အလွန်ပိန်လှီ လှသော်လည်း သူပိန်သည်ဟု ထပ်ပြောခြင်းက အဓိပ္ပါယ်မရှိပေ။

ဘာလို့လဲဆိုတော့ သူက အလောင်းပဲလေ။

ဝမ်ယွယ်ချင်းက သူ့ခြေလှမ်းများကို မြှင့်တင်လိုက်ပြီး အိပ်ခန်းအတွင်းရှိ တစ်ခုတည်းသော ကုတင်ကြီးဆီသို့ လျှောက်သွားခဲ့သည်။ လျန်ရှီ နှင့် လဲ့ချန် တို့ နှစ်ယောက် အား ဖြတ်ကျော်သွားခဲ့၏။ ထိုအလောင်းက သူ့အနားဖြတ်သွားတဲ့အခါ လျန်ရှီ  သူ့ခေါင်းကိုလှည့်ပြီး သူ့အကြည့်တွေက ဝမ်ယွယ်ချင်း ရဲ့အနောက်ကို လိုက်သွားကာ ထိုလူက သူ့အစ်ကိုအကြီးဆုံးဆီကို လျှောက်သွားနေတာကို မြင်လိုက်ရသည်။

ဝမ်ယွယ်ချင်းက

"ကျွန်တော်က ဖီးနစ်ရဲ့ လူဝင်စားလို့ ထင်ခဲ့ဖူးတယ်၊ ဒါကြောင့် ငယ်ငယ်လေးကတည်းက ကျွန်တော့်ပတ်ဝန်းကျင်မှာ ငှက်မျိုးစုံကို နေ့တိုင်းတွေ့ခဲ့ရပြီး ကျွန်တော်ကိုဆို အရမ်းဖော်ရွေ ရင်းနှီးကြတယ်"

အသက်ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးက ကုတင်ပေါ်တွင် သတိလစ်မေ့မြောနေသော ချမ်းသာသော ဒုတိယမျိုးဆက်ကို  တိတ်တဆိတ်ကြည့်ရင်း “အခု မင်းငါ့ကိုပြောစမ်း၊ ငါက ဧကရာဇ်ပိုင်သိရဲ့ လူဝင်စား တဲ့။ဟုတ်သား အဲ့ဒါက ဘာအရေးကြီးတော့မှာလဲ”

ဒါဆို ဘယ်အရာက အရေးကြီးတယ်လို့ ထင်သလဲ။

ဤစကားက လျန်ရှီ ၏ စိတ်ထဲတွင် လျင်မြန်စွာ ပျံ့နှံ့သွားသော်လည်း ကျယ်လောင်စွာ ထုတ်မပြောခဲ့ပေ။

သို့သော်လည်း ဝမ်ယွယ်ချင်းက  ၎င်းကိုကြားလိုက်သလို "အရေးကြီးတာက  ကျွန်တော် က ဝမ်ယွယ်ချင်းဖြစ်ပြီး အဲ့ ပိုင်သိ  မဟုတ်ဘူး"


ဝမ်ယွယ်ချင်းက လျန်ရှီ နှင့် လဲ့ချန် ကို ကြည့်လိုက်သည်။ လဲ့ချန်ကို အရင်ကြည့်လာခဲ့၏။ သူတို့နှစ်ယောက်လုံးက နတ်ဘုရားတွေဖြစ်ပြီး နေ့တိုင်း သူ့ရဲ့ဝေးကွာတဲ့အမှတ်တရတွေထဲမှာတောင် လဲ့ချန် ရဲ့ရုပ်ပုံကို သူမြင် တွေ့ခဲ့ရပြီး အခုနက စိတ်လှုပ်ရှားနေချိန်မှာ လဲ့ချန် ရဲ့အမည်ကို မသိစိတ်ကနေ ဖျောက်ပစ်လိုက်သလိုပင်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now