ch 18(part 2)

564 101 4
                                    


    နောက်တစ်နေ့ မနက်မှာတော့  စုကျောင်းက ကျောင်းသို့ သွားပြီဖြစ်ပြီး လျန်ရှီနှင့် ဥက္ကထလဲ့တို့ တံခါး ရှေ့သို့ ရပ်လိုက်သည်။
ဥက္ကထလဲ့ကညအိပ်ထောင်ထဲတွင် လက်ထည့်လျက် မက်မက်ရပ် နေ၏။
လျန်ရှီ အပေါက်လေးမှ တဆင့် တစ်ဖက်လူ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေလိုက်သည်။

မိနစ်အနည်းငယ်လောက် စိုက်ကြည့် ပြီးနောက် လျန်ရှီ ရုတ်တရက် ထပြောလိုက်သည်။, : “သူ ထွက်လာပြီ!”

   

    နောက် တစ်ခနမှာဘဲ, တံခါးပိတ်သံကို ကြားလိုက်ရသည်။ အပေါက်လေးမှ တဆင့်, ဘောင်းဘီတိုနှင့် တီရှပ်ဝတ်ထား သော မျက်နှာချင်းဆိုင်တွင်နေသည့်ကောင်လေးထွက်လာသည်ကို မြင်လိုက်ရသည်။ . အိပ်မှူန်စုတ်ဖွားနှင့် တဝါးဝါး သမ်းလျက် အောက်သို ဆင်းသွားသည်။

   
သူ ဓာတ်လှေကားထဲသို့ ဝင်တော့မည့်အခါ လျန်ရှီ တံခါး အမြန်ဖွင့်လိုက်ပြီး “သူ့နောက်ကို လိုက်ရအောင်!”

တအားကြီး အနီးကပ်မလိုက်ဘဲ ထို လူငယ်လေးဆင်းသွားသော အထပ်သို့ လိုက်သွား လိုက်သည်။ လျန်ရှီတို့ ‌ပထမ ထပ်သို့ ရောက်သောအခါ တစ်ဖက်လူမှာ ဂိတ်တံခါးဝသို့ ရောက်နေပြီ ဖြစ်သည်။

   
အမှီလိုက်ရအောင်!
သူတို့နှစ်ယောက် အနောက်မှခပ်သွက်သွက် လိုက်သည်။

   
ဟုတ်ပါတယ်, သူတို့ သုံးယောက် မနေ့ည ကအချိန် အကြာကြီး ဆွေးနွေးပြီးနောက်ဆုံးမှာတော့ လျန်ရှီအစီစဉ်တစ်ခု ချလိုက်သည်။

    : “သူ့နောက်လိုက်ပြီး သူတစ်နေ့လုံး ဘာတွေ လုပ်လဲ ဆိုတာ အနောက်ကနေ လိုက်ကြည့် ရအောင်!”

   

    သူ၏ အရပ်ပုပု အခန်းဖော်က စာသင်ချိန် ရှိနေသေး၍ ယခု အစီစဉ်ထဲတွင် မပါဝင်နိုင်သေး။

သို့ပေမယ့် လျန်ရှီနှင့် တစ္ဆေ အရာရှိကတော့ အားယားနေကြသည်ပင်။

   
လျန်ရှီတွေးမိသည်က: “သူက အမြဲ တမ်း သူ့သူငယ်ချင်း တွေအတွက် မနက်စာသွားဝယ်နေတာပဲ ငါတို့ တွေ့ရတတ်တာ.”

   
ထို့ကြောင့် လျန်ရှီနှင့် လဲ့ချန်တို့ အတူ ထိုလူငယ်၏ အနောက်သို့ လိုက်နေကြခြင်းဖြစ်သည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now