ch 39(part 1)

253 53 0
                                    

အခန်း ၃၉

နံနက်စောစောတွင် လရောင်မှိန်ဖျော့ဖျော့ဖျော့နှင့် အေးမြသောလေနုအေးတို့ မှုတ်ထုတ်နေလျက်ရှိသည်။

အောက်တိုဘာလ၏ ပထမရက်နေ့ဖြစ်သည်။

ရှစ်ရက်ကြာ အမျိုးသားနေ့အားလပ်ရက်တွင် ကမ္ဘာပေါ်ရှိ လူမှုကူညီရေးအသင်းများက ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြပြီး နောက်ဆုံးတွင် မရဏသရဲတစ္ဆေအရာရှိများသည် လည်းစက်တင် ဘာလ၏ တရားဝင်စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်ကို နောက်ဆုံးတွင် မြင်တွေ့ခဲ့ရသည်။

ဒီနေ့ဟာ ထူးထူးခြားခြား အဆုံးသတ်တစ်ခု ဖြစ်ဖို့ ရည်မှန်းထားကြလေ၏။

စုကျိုးမြို့ နှင့် ဝူရှီ မှလွဲ၍ ကျန်မြို့နှစ်ဆယ့်ငါးမြို့ဖြစ်သော ကျောင်းစု၊ ကျယ်ကျောင်း နှင့် ရှန့်ဟိုင်း ၊ အခြားမြို့နှစ်ဆယ့်သုံးမြို့မှ တစ္ဆေအရာရှိများရဲ့ မျက်လုံးလေးဆယ့်ခြောက်စုံမှာ ၎င်းတို့၏လက်ထဲတွင် စွမ်းဆောင်ရည်အဆင့်ကို ဗလာသက်သက်စိုက်ကြည့်နေခဲ့သည်။

အဆုံးတွင် ဝမ်ကျိုးက ပထမနေရာကို ရရှိခဲ့သည်။

သို့သော် အဲဒါက အစပဲရှိသေး၏။ အဘယ်ကြောင့်ဆိုသော် ဆယ့်နှစ်နာရီ နောက်ပိုင်းတွင် စုကျိုးမြို့ရဲ့ တစ္ဆေအရာရှိတွေ၏ စွမ်းဆောင်ရည်က တဟုန်ထိုး တိုးလာနေသောကြောင့်ပင်။

လဲ့ချန်၏လက်ထဲမှ အရင် ပိုင်ဝူချန်၏ သေမင်းမှတ်တမ်းထဲက အမည်များက လျန်ရှီရဲ့ သေမင်းမှတ်တမ်းထဲသို့ လည်းတိုးဝင်လာခဲ့သည်။ ယခင် ပိုင်ဝူချန် နှင့် ပိုင်ဝူချန် အသစ်တို့ရဲ့ မှတ်တမ်း တွေကလည်း လက်ဆင့်ကမ်းလုပ်ဆောင်နေကြပုံရသည်။ လျန်ရှီရဲ့ ပိုင်ဝူချန်မှတ်တမ်းတွင် ယခင် ပိုင်ဝူချန်မှတ်တမ်းဟောင်းထဲမှ အမည်များက တစ်ခုပြီးတစ်ခု ပေါ်လာသည်။

နာမည်တွေ ဆက်တိုက် ထွက်ပေါ်လာပြီး‌ေနာက် စွမ်းဆောင်ရည် အမှတ်တွေ ဆက်တိုက် တက်လာခဲ့လေသည်။

       

စက်တင်ဘာလ ကုန်လွန်လာသည်နှင့်အမျှ ပြီးခဲ့သည့်လ ရဲ့ စွမ်းဆောင်ရည်အဆင့်ရမှတ်များကလည်း အတိတ်ဖြစ်သွားခဲ့ပြီပင်။ စာအရေးအသားက မီးခိုးရောင်သကဲ့သို့ တဖြည်းဖြည်း မှိန်လာလျက်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now