ch 67

328 67 3
                                    

အခန်း ၆၇

အနောက်ဘက်တွင် နေကဝင်သွားပြီ ဖြစ်ပြီး၊ ကောင်းကင်မှာလည်း မှောင်မဲလာကာ ဝမ်ကျိုးမြို့ရဲ့ ကောင်းကင်အထက် တွင် တိမ်မည်းများ ရောက်ရှိလာခဲ့သည်။

ထို ထူထဲလှတဲ့ မှောင်မိုက်နေတဲ့ ရာသီဥတုမှာ မြို့သူ မြို့သား တွေအား စိတ်ပူစေလျက်။      

ယခု အချိန်မှာ ရုံးဆင်းချိန်ဖြစ်ကာ အလုပ်သမားများမှာ အိမ်သို့ အမြန် ပြန်ရောက်ချင်နေကြပြီး အနီးအနားရှိ ဘပ်စ်ကား မှတ်တိုင်း နှင့် ဘူတာဝင်ပေါက်များဆီသို့ အလျင်သလို ပြေးသွားကြလေ၏။

       
လူနေကျဲပါးသော ပန်းခြံငယ်တစ်ခုရဲ့ ကားပါကင်တွင်၊ ကြောက်စရာကောင်းလှတဲ့အထိ ထူထပ်နေသော တိမ်တိုက်ကို မြင်ပြီးနောက် ဝမ်ကျိုး တစ္ဆေအရာရှိ  ၏ ချောမောသော မျက်နှာသည် ရက်စက်ကြမ်းကြုတ်လာခဲ့ လေပြီ။

တိမ်တိုက်ထဲတွင် စူးရှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

မြို့သူမြို့သားများ ကောင်းကင်ကို မော့ကြည့်ကြသည်။ မိုးကြိုးခြိမ်းနေတာလား?

ကျယ်လောင်လှသော မိုးခြိမ်းသံဖြစ်ကာ မဲမှောင်နေသော တိမ်တိုက်များအကြားမှ မထွက်ပေါ်လာသေးပေမယ့်လည်း  မမြင်နိုင်လောက်တဲ့  တိမ်များအကြား လျှပ်စီးကတော့ လက်သွားခဲ့ပြီဖြစ်ကာ မိုးရွာတော့ အရိပ်ယောင် ဖြစ်လေ၏။

ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးကြားတွင် ပြိုးပြိုးပြက်ပြက်လင်းလက်နေသော အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဗုန်း--"

ရွှေရောင်အလင်းတန်းများနှင့် ရောစပ်နေသော သွေးနီရောင်လျှပ်စီးကြောင်းတစ်ခု ရုတ်တရက် ကျရောက်သွားပြီး သွေးပင်လယ်အလယ်တွင် ရပ်နေသော လျှို့ဝှက်ဆန်းကြယ်သော ထိုတစ္ဆေဆီသိူ့ တည့်တည့်ဦးတည်သွားခဲ့သည်။

"သခင်လ အဲ့ဒါ သာမာန် မိုးခြိမ်းသံမဟုတ်ဘူး အမြန်ဖယ်!" လို့ ကင်းစောင့်က လှမ်းခေါ်ရာ ထိုစဉ် လဲ့ချန်က လျန်ရှီအနားသို့ ရောက်လာခဲ့လေ၏။ထို့နောက် စကားတစ်ခွန်းမှ မပြောဘဲ  လျန်ရှီ၏ လက်ကောက်ဝတ်ကို ဆွဲယူကာ နောက်အခိုက်အတန့်တွင် သူတို့နှစ်ဦးက မီတာများစွာအကွာ အဝေးသို့ တယ်လီပို့ဖြင့် ရောက်သွားကြသည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now