အခန်း (၇) မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်...
တိတ်ဆိတ်ငြိမ်သက်နေသော စင်္ကြံတွင်၊ အဖြူရောင်တီရှပ်အင်္ကျီဝတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ဘယ်ဘက်လက်ကောက်ဝတ်ရှိ ကြေးခေါင်းလောင်းကို တိတ်တဆိတ်ထိလိုက်သည် ။
သူ့လက်ချောင်းတွေက အသာအယာ တုန်နေ၏။
လျန်ရှီက သူ့ရှေ့ကလူကို ကြည့်ရင်း မျက်တောင်မခတ်ချေ။ သူ၏လက်ချောင်းများကို ညှစ်ကာ ဖိအားကို သက်ရောက်စေရန် ပြင်ဆင်ပြီး ခေါင်းလောင်းကို မြည်စေသည်။
ရုတ်တရက်ပင်!
"ဒင်းဒေါင်-"
လျန်ရှီ ခေတ္တရပ်လိုက်သည်။ ခေါင်းကိုလှည့်ကာ ဓာတ်လှေကားတံခါးဆီသို့ လှမ်းကြည့်လိုက်သည်။
ဓာတ်လှေကား၏ တောက်ပသော မီးရောင်များက မှိတ်တုတ်မှိတ်တုတ်ဖြင့် စင်္ကြံကို လင်းထိန်နေသည်။
ဓာတ်လှေကားတံခါးဝတွင်၊ အရပ်ပုပုဖြင့်သူ၏ အခန်းဖော်ဖြစ်သူသည် လက်တစ်ဖက်ကို အိတ်ကပ်ထဲတွင် ထည့်ထားပြီး ကျန်တစ်ဖက်မှာ သူယူဆောင်သွား လေ့ရှိသည့်သေတ္တာကို ကိုင်ဆောင်ထားသည်။ စုကျောင်း က လျန်ရှီ ကိုကြည့်ကာ အံ့အားသင့်စွာဖြင့် "ငါ့ကိုလာကြိုဖို့ တံခါးဖွင့်ထားတာလား။ တအား အလိုက်သိတာပဲ!" ထိုစကားကို ပြောပြီးနောက် ဓာတ်လှေကားမှ ထွက်လာခဲ့သည်။
လျန်ရှီ ၏ နှုတ်ခမ်းများ လှုပ်ယမ်းသွားသည်။ မီးချောင်းအလင်းရောင်တွင်၊ Wandererမန်နေဂျာ ၏ဝိညာဉ်သည် စုကျောင်း ဖြတ်သွားသည်ကို သူမြင်လိုက်ရပြီး သူတို့၏ပခုံးများ အချင်းချင်းတိုက်မိကာ ဓာတ်လှေကားထဲသို့ လျှောက်သွားသည်ကို သူမြင်လိုက်ရသည်။
စုကျောင်ူ: "ဒါပေမယ့် အခု ငါစဉ်းစားကြည့်တော့ ... ဟေး လျန်ရှီ ငါပြန်လာမယ်ဆိုတာ မင်းဘယ်လိုသိတာလဲ"
စုကျောင်း ၏ နောက်ကွယ်မှ ဓာတ်လှေကားတံခါးဟာ ပိတ်သွားသည် ။
အပိတ်တံခါးတွေကြားက အဟလေးတွင်က Wanderer မန်နေဂျာက သူ့ခေါင်းကို စောင်းပြီး လျန်ရှီ ကိုကြည့်ပြီ လည်ပင်းကိုလိမ်ကာ ပြုံးပြလိုက်၏။
YOU ARE READING
{COMPLETED} Can't save the world by pretending to be dead
HorrorAuthor(s) Mo Chen Huan 莫晨欢 Artist(s) N/A Year 2020 Status in COO 110 Chapters (Complete)