ch 13

698 124 0
                                    

အခန်း ၁၃

တိတ်ဆိတ်အေးမြသော ညလေညင်းတွင် အဘွားကြီး၏ ပုံရိပ်သည် တဖြည်းဖြည်း မှိန်ဖျော့သွားသည်။

နောက်ဆုံးတွင် အဆုံးမရှိသောည၏ညအတွင်းသို့ ပျောက်ကွယ်သွားသည်။

ထိုအတောအတွင်း အဘွားကြီး သရဲတစ္ဆေ ပျောက်ကွယ်သွားပြီးနောက်  ရွှေရောင်အလင်းတန်း အနည်းငယ်သည် လျန်ရှီ ၏လက်ပေါ်သို့ ပျံတက်လာသည်။ သူခေါင်းငုံ့လိုက်ပြီး လက်နှစ်ဖက်ဖြင့်ဖမ်းယူလိုက်သည်။ ရွှေရောင်အလင်းတန်းသည် သူ့လက်ချောင်းထိပ်တစ်ဝိုက်တွင် လွင့်ပျံသွားပြီး နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားပြီး ပျောက်ကွယ်သွားသည်။

လျန်ရှီ၏ ခန္ဓာကိုယ်ထဲသို့ ရွှေရောင်အလင်းတန်းများ စိမ့်ဝင်သွားသည်ကို မည်သူမျှ မတွေ့ခဲ့ရပေ။

အဘွားကြီးသည် လူဝင်စားခြင်းသို့ ဝင်ရောက်သွားခဲ့ရပြီ ဖြစ်သည်။ ဒေသခံ ဟေးဝူချန် သည် ထိုနေရာတွင် စိတ်တိုတိုနှင့် ရပ်နေပြီး ၎င်း၏ သေမင်းမှတ်တမ်း ကို လှန်ကြည့်လိုက်သည်။

နာမည်တစ်ခုက ဖြည်းဖြည်းချင်း ပေါ်လာ၏။

[ကျောက်ယွီယင်း၊ 1928-1980၊ နာမကျန်းမှုဖြင့် ကွယ်လွန်ခဲ့သည်။]

အဘွားကြီးသည် လူဝင်စားခြင်းကို ခံခဲ့ရပြီး လျန်ရှီ သည် ရွှေရောင်အလင်းတန်းတစ်ခု ရရှိခဲ့သည်။ လူတိုင်း ဟက်ပီးအမ်းတင်း!

… ဒါ ဆိုပြီးပြီပေါ့။

အခန်းဖော်ပုစိသည်တံတွေးကို မျိုချလိုက်ပြီး ဟေးဝူချန် တစ်ကောင်ကို ကြည့်လိုက်သည်။ သူသည် လျန်ရှီ၏ နံဘေးသို့ ဖြည်းညှင်းစွာ တွန်းလိုက်ကာ လျန်ရှီ ၏နောက်တွင် ရပ်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။ စိတ်ပျက်နေသော မျက်နှာဖြင့် သူသည် လမ်းနှင့် ဆန့်ကျင်ဘက်လူကို ကြည့်ကာ “အိုသခင်လေးဟေးဝူချန်၊အဲ့တစ္ဆေလည်း လူဝင်စားပြီ ဆိုတော့ကျွန်တော် တို့သွားလိုက်ပါအုံးမယ်!"

သူစကားပြောပြီးနောက် လျန်ရှီ ကို ချက်ချင်းဆွဲကိုင်ကာ ထွက်ပြေးတော့သည်။

ထို့နောက်…

သူဆွဲနေ၏။

လျန်ရှီ က မလှုပ်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now