ကင်းစောင့်သည် အလွန်သနားစရာကောင်းပြီး ထိတ်လန့်တုန်လှုပ်သွားကာ ကမ္ဘာမြေကြီးပေါ်မှာ အနှစ်တစ်ရာကျော် မရောက်ဖူးသေးတဲ့ အဆင့်နိမ့်တစ္ဆေတွေက ဘယ်လို့ကြောင့် ယခုလောက် အစွမ်းထက်လာသလဲ။ ယခုအချိန်တွင် မည်သည့်အရာကိုမျှ ဖုံးကွယ်ဝံ့ခြင်းမရှိသော ကင်းစောင့်က
"တစ္ဆေအရာရှိအများစုကို မရဏနိုင်ငံကနေ ခန့်အပ်ထားတာပဲ။ သူတို့က သက်ရှိ တစ်သက်တာအတွင်းမှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ထားခဲ့တဲ့ သရဲတစ္ဆေ တွေဖြစ်တယ်။
ဘာလို့ဆို လူဝင်စားဖို့က ဆယ်စုနှစ်များစွာလောက် တန်းစီစောင့်ဆိုင်းရလေ့ရှိတာမို့ ။ မြေအောက်ကမ္ဘာမှာ အချိန်အများကြီးဖြုန်းရမှာဖြစ်လို့ ဆယ်နှစ်အတွင်း လူ့လောကထဲမှာ နိမ့်ပါးတဲ့ တစ္ဆေအရာရှိတွေအဖြစ် အစေခံဖို့ လွှတ်လိုက်တာက ပိုကောင်းတယ်လို့ ထင်ကြလို့လေ။
ဒုတိယအချက်အနေနဲ့၊ အဲဒါက သူတို့ကိုလည်း အောင်မြင်မှုတွေ စုဆောင်းနိုင်စေပြီး မြေအောက်ကမ္ဘာကို ပြန်လာပြီးနောက် သူတို့က နောက်ဘဝဆို ကောင်းကောင်းမွန်မွန်နဲ့ တန်းစီစရာမလိုတဲ့အပြင် ခုန်ကျော်ပြီးသွားလို့ရနိုင်မယ်."
ကင်းစောင့်က ဤသို့ရှင်းပြသည်– “ရှေးခေတ်က မြေအောက်ကမ္ဘာကကမ္ဘာကြီးကို အဓ်ိကလမ်းကိုးလမ်းခွဲလိုက်ပြီး ဒီနယ်မြေကို ကျောင်းနန် လမ်းနဲ့ သက်ဆိုင်တယ်လို့ သက်မှတ်ထားတာ။ဒါပေမယ့် နောက်ပိုင်းမှာ မင်းတို့ ရှေ့တဲ့မျိုးဆက်တွေက စစ်ပွဲတွေ အမြဲတိုက်နေတော့ တရုတ်ပိုင်နယ်မြေက ချဲ့ထွင်ပြီး ငါ့ရဲ့လမ်းကကျုံ့သွားတယ်။
နောက်ဆုံးတော့၊ မရဏကမ္ဘာက ငါတို့ရဲ့ တစ္ဆေနယ်မြေတွေခွဲဖို့ ညွှန်ကြားချက်တွေကို ထုတ်ပြန်လိုက်လို့ ငါက ကျောင်းနန် လမ်းရဲ့ တကယ့် တရားဝင် ပိုင်ဝူချန် ဖြစ်လာပြီး ငါပိုင်တဲ့ နေရာက အခု မင်းတို့ခေါ်နေတဲ့ ကျောင်းစု၊ ကျယ်ကျောင်း နဲ့ ရှန့်ဟိုင်း က ငါ့ထိန်းချုပ်မှုအောက်မှာပဲ၊မင်းတို့လို အဆင့်နိမ့် …."ရွှေအယ်လ်ဘမ်က ဆက်ကနဲတုန်သွားသည်။
ကင်းစောင့်က ကြောက်ရွံ့ထိတ်လန့်စွာ စိုက်ကြည့်ရင်း သူ့ဝိညာဉ်သည် ရွှေရောင်အလင်းတန်းကြောင့် လောင်ကျွမ်းခံလိုက်ရသည့် နာကျင်မှုကို ပြန်ပြောင်းသတိရကာ
YOU ARE READING
{COMPLETED} Can't save the world by pretending to be dead
HorrorAuthor(s) Mo Chen Huan 莫晨欢 Artist(s) N/A Year 2020 Status in COO 110 Chapters (Complete)