ch 94(part 1)

206 38 0
                                    

အခန်း ၉၄

လူဝင်စားခြင်း လမ်းကြောင်းခြောက်သွယ်သို့ ဝင်ရောက်ကြသော ကောင်းကင်နှင့် မြေကြီးမှ သတ္တဝါအားလုံးတို့မှာ ၎င်းတို့၏ ကိုယ်ပိုင် ကံကြမ္မာများ ရှိသည်။

ကံကြမ္မာ ဟူသော စကားလုံးတွင် ကံတရားမှာ တည်ငြိမ်နေပြီး ကံကောင်းခြင်းကတော့ တက်ကြွနေ လေ့ရှိသည်။ လူတစ်ဦးက လူဝင်စားပြီး ဤလောက၌ မွေးဖွားလာချိန်မှစ၍ သူ၏ "ကံကြမ္မာ" က ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းဆိုင်ရာ ကျမ်းတွင် စောစီးစွာ ရေးမှတ်ထားပြီး နောက်တစ်ကြိမ် ပြောင်းလဲ၍မရနိုင်တော့ပေ။
   
  သူ၏ "ကံကြမ္မာ" နှင့် ပတ်သက်၍ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းဆိုင်ရာ ကျမ်းသည်လည်း ၎င်းအား လုံးလုံးလျားလျား မထိန်းချုပ်နိုင်ပေ။ ကံကောင်းခြင်းနဲ့ ပတ်သက်လျှင်တော့ ထိုအရာဟာ လူဝင်စားခြင်းလမ်း ခြောက်သွယ်ရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး အချို့သော  ကိစ္စရပ်များကြောင်း ယေဘုယျဦးတည်ချက်အတိုင်းပင် သေးငယ်တဲ့နည်းလမ်းဖြင့်သာ ပြောင်းလဲနေလေ့ရှိပါရဲ့။

တရားသူကြီး ချွေ့က သူ၏ဘယ်လက်တွင် ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းဆိုင်ရာ ကျမ်းကို ကိုင်ထားပြီး တရားသူကြီးရဲ့ကလောင်ကို သူ၏ညာလက်တွင် ကိုင်ထားခဲ့လျက်။ တရားသူကြီး ချွေ့ကကလောင်ကို စာရွက်ပေါ်တင်လိုက်ပြီး ဝမ်ယွီယွမ် ရဲ့ မဏ္ဍိုင်လေးခုနဲ့ အက္ခရာ ရှစ်လုံးကို ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းဆိုင်ရာ ကျမ်းမှာ ရှင်းရှင်းလင်းလင်း ရေးထားလိုက်လေသည်။

တရားသူကြီး ချွေ့ - "လောကမှာ ဒီလို ဖြစ်ရပ်က တကယ့်ကိုရှားရှားပါးပါးပါ့ပဲ အရှင်၊
   
ဒီကမ္ဘာပေါ်က သေမျိုးသတ္တဝါအားလုံးရဲ့ မဏ္ဍိုင်လေးခုနဲ့ အက္ခရာ ရှစ်ခုကို သူတို့မွေးတဲ့ နှစ်၊ လ၊ နေ့နဲ့ နာရီက သတ်မှတ်ပါသလို ကောင်းကင်နဲ့ မြေကြီးရဲ့ ယင်နဲ့ယန် သက်မှတ်ချက်လည်း ဖြစ်ပါတယ်။‌ဒီငယ်သား ယင်ဥပဒေဌာနရဲ့ တရားသူကြီးဖြစ်ခဲ့တာ နှစ်ပေါင်းထောင်ချီပြီ၊ ဒီလို သိမ်ငယ်တဲ့ ကံကြမ္မာရှိတဲ့ သေမျိုးတစ်ယောက်ကို ကျွန်တော်မျိုး ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။"

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now