ch 15

679 103 0
                                    

အခန်း 15 – ကမ္ဘာ့အမြင်

ဓာတ်လှေကား၏ လေအေးပေးစက်မှ အေးမြသောလေအား မှုတ်ထုတ်နေသည်။

လျန်ရှီ သည် ထိုလူငယ်ကို ကြည့်ပြီး ပြုံးကာ ခေါင်းယမ်းလိုက်သည်။ "မဟုတ်ဘူး၊ တစ်ခုခုလုပ်စရာရှိလို့"

ကောင်လေးက အံ့သြသွား၏။ "မင်း အလုပ်ကို ဒီလောက်စောစောသွားရမှာလား"

လျန်ရှီ က သိပ်ရှင်းပြမနေပါဘူး။ “အင်း။”

နှစ်ယောက်သား စကားများ တဖန်တိတ်တဆိတ်သွား ကြသည်။ ခဏကြာတော့ ဓာတ်လှေကားက မြေညီထပ်ကို ရောက်သွား၏။ လျန်ရှီ ဓါတ်လှေကားထဲက ထွက်လာတာနဲ့ ကောင်လေးက သူ့နောက်ကနေ အော်လိုက်၏။ "ဟာ ဖုန်းယူလာဖို့ မေ့သွားပြီ!" လျန်ရှီ လှည့်ကြည့်လိုက်တော့ လူငယ်လေးက ကူကယ်ရာမဲ့ သူ့လက်တွေကို ဖြန့်ပြီး "ကော ကျွန်တော်ကအရမ်းမေ့တတ်လို့ ပြန်တက်ပြီးယူတာ ပိုကောင်းမယ်။"

လျန်ရှီ က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ၊ သွားနှင့်ပြီ။”

လျန်ရှီ သည် တိုက်ခန်း ဂိတ်ပေါက်သို့ ရောက်သောအခါ၊ DiDi ယာဉ်မောင်းသည် အချိန်အတော်ကြာအောင် စောင့်နေပြီဖြစ်သည်။

သူကားထဲသို့ဝင်ပြီးနောက် လေအေးပေးစက် မှ လေအေးများမှုတ်ထုတ်လိုက်သောအခါ သူ့ကိုယ်သူ ရုတ်တရက် တွေးလိုက်မိ၏- ငါက အရမ်းအသုံးအဖြန်းများကြီးနေတာလား။

လွန်ခဲ့သောလအနည်းငယ်က သူ အပြင်သွားသည့်အခါ တက္ကစီကို အဆက်မပြတ်စီးနေခဲ့သည်။ သူက ဘတ်စ်ကားတောင် သိပ်မစီးဖြစ်ပေ။

သို့သော် ထိုနေ့သည် အလွန်ပူပြင်းသောနေ့ဖြစ်သဖြင့် သူ့ကိုယ်သူ ညှဉ်းပန်းနှိပ်စက်ရန် အကြောင်းမရှိဟု သူထင်ခဲ့သည်။ဖြိုဖျက်ခမှပိုက်ဆံ ကျန်ရှိ နေတုန်းဖြစ်၍ ပိုက်ဆံအကြောင်းပြောစရာမလိုပဲ၊ အဲဒါကို ပုပ်သွားအောင် သိမ်းဖို့ ဘာအကြောင်းမှ မရှိချေ။

ပြီးတော့ အိမ်မှာ ရွှေသူဌေးကြီးလည်း ရှိ နေသေးတယ်မဟုတ်ဘူးလား။

လျန်ရှီ က ကြောင်တက်တက် တွေးနေစဉ် ယွမ် ခရိုင်ဆေးရုံဆီကို ကားဟာအမြန်ရောက်ခဲ့၏။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now