ch 92

173 30 0
                                    

အခန်း ၉၂

   
ဝမ် မိသားစု၏အကြီးဆုံးသားဖြစ်သူ တစ်ခုခုဖြစ်သွားသောအခါတွင် ကောင်းကျားရွှမ် ရဲ့ပထမဆုံးတုံ့ပြန်မှုမှာ သူနှင့်တစ်ကြိမ်သာတွေ့ဖူးသော လူငယ်ထံမှ အကူအညီရယူရန်တွေးမိသည်ကို သူကိုယ်တိုင် လည်းမသိခဲ့ပေ။

လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ကောင်းကျားရွှမ် ကော်ဖီဆိုင်တွင် လူငယ်နှစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ဤသည်မှာ ဘဝတွင် ‌မတော်တဆကြုံတွေ့ရတဲ့ အခွင့်အလမ်းတစ်ခုမျှသာဖြစ်သော်လည်း ဝမ်ယွီယွမ် ယခု သရဲခြောက်ခံရသောအခါ လူငယ်နှစ်ဦး၏ပုံရိပ်များက သူ့စိတ်ထဲတွင် ရုတ်တရက်ပေါ်လာခဲ့သည်။

ဘာလို့လဲမသိဘူး၊...

ဒီလူငယ်နှစ်ယောက်ဆို ဒီကိစ္စကို ဖြေရှင်းပေးနိုင်မယ်လို့ တွေးနေမိ၏။

ထိုအချိန်တွင် သူသည် လူငယ်တစ်ဦးအား ၎င်း၏ စီးပွားရေးကတ်ကို ပေးခဲ့သော်လည်း ကံမကောင်းစွာဖြင့် တစ်ဖက်လူငယ်က သူ့ကို နောက်တစ်ကြိမ် မဆက်သွယ်ခဲ့ပေ။ ထို့ကြောင့် ကောင်းကျားရွှမ်မှာ ထောက်လှမ်းရေး ဗီဒီယိုမှ လူနှစ်ဦး၏ ဓာတ်ပုံဖြင့် ရှာဖွေရန် နည်းလမ်းအချို့ကို အသုံးပြုခဲ့သည်။ အိမ်ခြံမြေအေးဂျင့် ရှောင်လျိုသည်လည်း ဤနယ်ပယ်တွင် စီးပွားရေးကို အထူးပြုသောကြောင့် ကောင်းကျားရွှမ် ဓာတ်ပုံကို ရှောင်လျို အား ပေးကာ တစ်စုံတစ်ယောက်ကို ရှာဖွေရန် သူမအား တောင်းဆိုခဲ့သည်။ မမျှော်လင့်ဘဲ၊ ရှောင်လျိုက ဤလူငယ်နှစ်ဦးကို အမှန်တကယ်သိပြီး မိနစ်အနည်းငယ်အတွင်း မှာပဲ ၎င်းတို့ကို ရှာတွေ့ရန် ကူညီပေးခဲ့ကာ တကယ့်ကို တိုက်ဆိုင်မှုတစ်ခုပင်ဖြစ်သည်။

တန်ဖိုးကြီးအိမ်ကြီး ဧရိယာတွင်၊ အေးစိမ့်စိမ့်နှင့် အေးစက်သော ညလေချမ်းက ကျယ်ပြန့်သော ရေကန်ကို ဖြတ်ကျော်ဝင်ရောက်ကာ လမ်းရဲ့ တစ်ဖက်တစ်ချက်စီရှိ ရှုခင်းသစ်ပင်များ ကြွေကျသွား စေခဲ့သည်။

ကြည်လင်သော လရောင်က ကျင်းသုရေကန် အထက် တောက်ပသော လှိုင်းအလွှာကို ဖန်တီးပေးနေသယောင်။

မိနစ်နှစ်ဆယ်လောက် စောင့်ပြီးမှ အဝေးမှ Mercedes-Benz လုပ်ငန်းသုံးကားတစ်စီး ရောက်လာခဲ့ကာ  ကောင်းကျားရွှမ် ချက်ချင်း ရှေ့ကို တိုးလာသည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now