ch 73(part 1)

304 56 0
                                    

အခန်း ၇၃

"ဒီလောက်ဆို လုံလောက်ပြီ။"
လျန်ရှီ မျက်လုံးများကို မှိတ်လိုက်ပြီး ရှတနေသော အသံဖြင့် ပြောလိုက်၏။
   
လဲ့ချန်နှင့် ကင်းစောင့်  နှစ်ယောက်စလုံးက သူ့ကို ကြည့်နေကြသည်။

လဲ့ချန် ၏ နှုတ်ခမ်းများက လှုပ်သွားသော်လည်း စကားမပြောလာဘဲ ညာလက်ကို ဆန့်တန်းကာ လေထဲတွင် ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်လျက်။

အစည်းဝေးခန်းထဲရှိ မွှေးရနံ့က တဖြေးဖြေး မှိန်ဖျော့သွားခဲ့၏။ တစ်ချိန်တည်းမှာပင် အခန်းတွင်းရှိ အခင်းအကျင်းကို ပိတ်ဆို့ထားသည့် အတားအဆီးများကလည်း ပျောက်ကွယ်သွားခဲ့လေပြီ။
   
    စင်္ကြံရှိ အမျိုးသမီး သူနာပြုတစ်ဦးမှာ အခန်းတွင်းရှိ မိသားစု၏ ထူးဆန်းပြီး ရှက်စရာကောင်းသည့် အပြုအမူများကို ရုတ်တရက် မြင်လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ အစည်းအဝေးခန်း တံခါးကို အမြန်ဖွင့်လိုက်သည်- "ဟေး၊ ရှင်တို့ ဘာဖြစ်နေကြတာလဲ"

ကျယ်လောင်စူးရှသောတံခါးဖွင့်လာသည့်အသံမှာ လီမိသားစုနှင့် ရှေ့နေ   တို့ရဲ့ နှလုံးသားထဲတွင် နှိုးဆော်သံကဲ့သို့ မြည်တမ်းနေလျက်။

လူငါးယောက် ချက်ခြင်းပဲ သူတို့အားလုံး အံ့ဩသွားပြီး တံခါးနားမှာ ရပ်နေတဲ့ သူနာပြုဆရာမကို လှမ်းကြည့်လိုက်၏။

သူနာပြုဆရာမက အခန်းထဲသို့ ဝင်လာပြီး ကူညီပေးဖို့ လုပ်လိုက်စဉ် သူမအနားသို့ မရောက်မီတွင် ကြောက်စရာကောင်းလောက်အောင် စူးရှသော အော်သံများကို ကြားလိုက်ရသည်။

"အာာာား!!!"

လီမိသားစုရဲ့ချွေးမနှစ်ယောက်မှာ အော်ဟစ်ကာ စည်းဝေးခန်းထဲမှ ရုန်းထွက်ရင်း ၎င်းတို့နောက်တွင် သရဲတစ်ကောင်ရှိနေသကဲ့သို့ ပြေးထွက်သွားသည်ကို တွေ့ရသည်။
 
လီမိသားစုမှ လူနှစ်ယောက်သည်လည်း ဖြူဖျော့ကာ တုန်တုန်ယင်ယင်ဖြစ်ကာ ဆီးရည်များပင် ထွက်ကျသွားခဲ့လျက်။

၎င်းတို့နောက်ရှိ ယုတ်ညံ့သော ရှေ့နေမှာလည်း အာရုံလှည့်ဖြားထားခံရမှုမှ မသက်သာသေးဘဲ သူနာပြုဆရာမကို ရုတ်တရက် ကြည့်ကာ နတ်ဆိုးအချို့ကို မြင်လိုက်ရသကဲ့သို့ အမျိုးသမီး သူနာပြုရဲ့ လည်ပင်းကို ညှစ်ရန် ရှေ့သို့ ပြေးသွားခဲ့သည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now