ch 94(part 2)

274 55 10
                                    


   
   
လျန်ရှီ လက်ထောက် လင်း ကို အရူးလုပ်ကာ ကျောက်စိမ်းဆွဲသီး ကျိုးသွားလောက်သည် ဟူသော အဖြေကို ဖုံးကွယ်ထားလိုက်၏။
   
သို့သော်လည်း ကျောက်စိမ်းဆွဲသီး ကျိုးသွားအောင် လုပ်ခဲ့တဲ့တရားခံကတော့ ၎င်းကို လုံးဝ သတိမပြုမိဘဲ ၎င်းရဲ့ အိတ်ကပ်အတွင်းမှ လက်ကိုင်ဖုန်း တုန်ခါသွားသဖြင့် လဲ့ချန်က  ဖုန်းကို ထုတ်ကာ ကြည့်ရှုခဲ့ သေးသည်။ထို့နောက် လျန်ရှီရဲ့ အကြည့်ကို ရုတ်တရက် သတိပြုမိကာ မော့ကြည့်လိုက်ရာသူတို့ မျက်လုံးချင်းဆုံပြီး သိပ်ခဏအကြာမှာဘဲ လဲ့ချန် က "ဂိမ်းက ပို့လာတာ။"ဟုပင် ပြောလိုက်ပါသေး၏။

လျန်ရှီ: "..."

ဒါကို ဘယ်သူက မေးလို့လဲ။

နေပါအုံး မဟုတ်သေးပါဘူး။
   

လျန်ရှီ က မျက်မှောင်ကြုတ်ပြီး "ဘာဂိမ်းအသိပေးချက်တွေလဲ"

လဲ့ချန် - "King of glory ရဲ့ ညသန်းခေါင်ကျော်နေလို့၊ အပတ်အသစ်ရောက်ပြီ လေ တနင်္လာနေ့တိုင်း အပတ်စဉ် ဆုလာဘ်အသစ်တစ်ခု ရနိုင်တယ်..."
   
ခေတ္တနားပြီးနောက် သူက လျန်ရှီ ကို အံ့အားသင့်စွာ စိုက်ကြည့်ကာ "မင်းမတကယ်မသိဘူးလား?"

လျန်ရှီ: "..."

မဟုတ်ဘူး၊ မင်းဘာလို့ များ အခြေ‌ နေအချိန်ခါကို မကြည့်တတ်ရတာလဲ။
   
အွန်လိုင်းတက်ပြီး ဆုလာဘ်တွေယူဖို့ အတော် လေး  စိတ်အားထက်သန်နေတာလား?

အလွန်စကားမပြောနိုင် တော့သော လျန်ရှီက ကျန်ရှိနေသော တစ္ဆေများ ကိုကြည့်လိုက်၏။  တရားသူကြီး ချွေ့ နဲ့ ကျောင်းကွေ့ ကိုကြည့်လိုက်ရာ တရားသူကြီး ချွေ့ ကို တစ္ဆေလို့ သတ်မှတ်ပြီး ကျောင်းကွေ့ က တော့ တစ်ဝက်လောက် သာယုံကြည်စိတ်ချရလေသည်။ထို့နောက် လဲ့ချန်နဲ့ ကင်းစောင့်နဲ့သာဆိုရင်...

သူတို့ကိုမကြည့်တာပဲ ကောင်းပါတယ်။

လျန်ရှီ က
   
"ဖုံးကွယ်ထားတာမျိုး မရှိလောက်တော့ဘူး။ ဒီ ဝမ်ယွီယွမ် က ဘယ်သူ့ကိုမှ မစော်ကားခဲ့ဖူးတာမျိုးသလို ဝမ် မိသားစုကို လက်စားချေတာနဲ့လည်း မတူဘူး။ ပြီးတော့ အခုလို ထူးဆန်းတဲ့ အဖြစ်အပျက်တွေက သူ့ကံကြမ္မာနဲ့ ဆက်စပ်မှုရှိနေတာပဲဖြစ်မယ်။ တရားသူကြီးချွေ့ အားနည်းကံကြမ္မာနဲ့ သူမို့ သူက ကြမ်းတမ်းတဲ့သေခြင်းနဲ့ သေချာပေါက်သေလိမ့်မယ် ဆိုတော့... သူဒီလိုဖြစ်ရတာ သူ့ကံကြမ္မာကြောင့်လား။"

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now