ch 31

453 75 1
                                    

အခန်း ၃၁

လယ်ကွင်းပြင်ကျယ်ကြီးနှစ်ခုကြားတွင် လယ်သမားအိမ်များ တန်းစီလျက် တည်ရှိနေသည်။

ညမိုးချုပ်လာသည်နှင့်အမျှ အလုပ်မှပြန်လာသော ရွာသူရွာသားအများအပြားက တိုက်ခတ်လာသော လေညင်းရဲ့ အေးမြမှုကို ခံစားရန် တံခါးရှေ့တွင် ထိုင်နေကြသည်။ သို့သော် ဤလယ်အိမ်တန်းတွင် အိမ်ရှေ့ရှိ ခြောက်‌သွေ့နေသောခြံထဲတွင် တဲကြီးတစ်ခု ဆောက်ထားသည်။ အပေါ်ဘက်တွင် ဝပ်အားမြင့် မီးလုံးသုံးလုံးတပ်ဆင်ထား၏။

မှောင်မိုက်သောပတ်ဝန်းကျင်တွင် ဤမီးလုံးသုံးလုံးက နေရောင်ကဲ့သို့ လင်းထိန်နေပြီး ညမှာ နေ့သို့ ပြောင်းလဲစေလျက်။

ဒီအိမ်၌ ဈာပနတစ်ခုရှိနေ၏။ ခြံတံခါးရှေ့မှာ ထိုင်ပြီး တယောက်ပြီး တယောက် ငိုကြွေးနေသူတွေ အများကြီးပင်။

ရွှေရောင်အလင်းတန်းမှ လမ်းညွှန်ပေးသော အထီးကျန်တောရိုင်းတစ္ဆေက ဤအိမ်မှဖြစ်သင့်သည်မှာ သံသယဖြစ်စရာမရှိ။

လျန်ရှီ နှင့် လဲ့ချန် တို့ အတူတကွ ရှေ့သို့ ချီတက်ခဲ့ကြသည်။

အလောင်းကို ခုနစ်ရက်ကြာအောင် အိမ်မှာထားရတဲ့အခါ ကျေးလက်မှာ အသုဘအခမ်းအနားတွေမှာ အရင်ကလို ဒုက္ခတွေ မရှိတော့ချေ။ အခုဆို ရေခဲအခန်း ထဲမှာ သုံးရက်လောက်ထည့်ထားနိုင်ပြီး စာရွက်တွေကို နေ့ရောညပါ မီးရှို့နိုင်ပြီပင်။ ထို့နောက် လေးရက်မြောက်နေ့တွင် မီးသဂြိုလ်စက်သို့ ယူဆောင်ကာ ပြာများကို လက်ဖြင့်ကျဲကာ ထုံးတမ်းစဉ်လာများ ပြီးမြောက်စေနိုင်ပြီဖြစ်၏။

ဆွေမျိုး မိတ်သင်္ဂဟ အများအပြားင ဤအိမ်ရှေ့ရှိ ခြံဝန်းကွတ်လပ်တွင် ထိုင်နေကြပြီး ဝမ်းနည်းကြောင်း ဖော်ပြကြကာ စားသောက်ရန် လာခဲ့ကြသည်။

လူတွေအများကြီးရှိပေမယ့် သူတို့ထဲက တစ်ယောက်မှ လျန်ရှီ နဲ့ လဲ တို့လို မဟုတ်။

သူတို့နှစ်ယောက် ခြံဝန်းကွတ်လပ်ထဲကို လျှောက်သွားလိုက်တာနဲ့ သေဆုံးသူရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေရဲ့ အကြည့်တွေက စူးစူးရဲရဲနဲ့ ကျရောက်လာခဲ့သည် ။ အချိန်အတော်ကြာအောင် စိုက်ကြည့်ပြီးနောက် ပခုံးပေါ်တင်ထားသော ပဝါပတ်ထားသော ရွာသူအမျိုးသမီးတစ်ဦး ရောက်လာပြီး "ဘယ်သူကို ရှာနေတာလဲ"

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now