ch 46

346 76 0
                                    

အခန်း ၄၆

"ဟူရှောင်လိ wuwuwu ခင်ဗျားသေသွားပြီထင်နေတာ"

"သေပြီထင်တယ်..."

ဝူရှီ တစ္ဆေအရာရှိက ငယ်သေးတာမို့ အရပ်မရှည်ပေ။ သူနှင့် မြေခွေးနတ်ဆိုး တို့က တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကာ ငိုယို နေကြပြီး၊ ဘယ်သူက ကလေးနှင့် ပိုတူသည်ဟု ပြောရန်မှာ ခဲယဉ်း လှပါသည်။ သို့သော်လည်း ဟူရှောက်လိက မကြာမီ ပငါ သူ့အသိစိတ်ဝင်လာပြီး ဒေါသတကြီးဖြင့် "နင် ဘယ်သူ့ကို သေအောင်ကျိန်ဆဲနေတာလဲ၊ ငါ က ငါ့ဘဝကို ကောင်းကောင်းနေအုံးမှာ"

ထန်ကျစ် က သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ပြီး အသံတိုးတိုးလေးနဲ့ "ခင်ဗျားရဲ့ ခြေသုံးချောင်းမှော်ပညာ လေးနဲ့ ခင်ဗျားတစ်ခုခုဖြစ်သွားမှာကို ကျွန်တော်ကျမကြောက်ရဘူးလား?"

မြေခွေးလေးက ဒုတိယအတွေးတစ်ခုရှိ နေခဲ့သည်။ လျန်ရှီ နှင့် လဲ့ချန် တို့သာမလာခဲ့ပါက သူမ ထိုကြောက်မက်ဖွယ်ကောင်းသောနေရာတွင် တစ်သက်လုံးပိတ်မိနေနိုင်ပြီး ထွက်သွားနိုင်မည်မဟုတ်ပေ။ မြေခွေးတစ်ကောင်က ဆယ်လခွဲကြာအောင် မစားမသောက်ဘဲနေနိုင်သော်လည်း တစ်နှစ်ခွဲကြာအောင် မစားပါက ငတ်မွတ်ခေါင်းပါးသော ခွေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

ဟူရှောင်လိ က အရမ်းစိတ်လှုပ်ရှားသွားကာ သူ့မျက်လုံးထဲမှာ မျက်ရည်တွေပြည့်နေတယ် "နင်ပဲငါ့ကို ကြင်နာနေတုန်းပဲ"

နှစ်ယောက်သား ပွေ့ဖက်ကာ ခဏတာ ငို နေကြသည်။

လျန်ရှီ  ဝူရှီက တစ္ဆေအရာရှိနှစ်ကောင်က ကလေးနှင့်ပင်တူသည်ဟု တွေးမိကာ သူတို့ရဲ့ စွမ်းဆောင်မှုမှတ်တမ်းမှာလည်း အံ့သြစရာမဟုတ် ဝော့ပေ။

"ကောင်းပြီ၊ လက်ငင်းပြဿနာကို အရင်ဖြေရှင်းရအောင်" လျန်ရှီ က သူတို့ကို နှောင့်ယှက်လိုက််တယ်။

ဝူရှီရဲ့ ပိုင်ဝူချန်လေးက တစ်ဖက်လူကိုလွှတ် ပေးလိုက်ပြီး၊ ဟူရှောင်လိက ငိုနေသော်လည်း၊ နာကျင်နေဆဲဖြစ်သော သူမ၏ နားရွက်ကို ထိလိုက်ကာ

  "အဲဒီအမျိုးသမီးက ဒီလိုထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးနိုင်တဲ့အတွက် သူက အနီးအနားမှာ ရှိနေအုံးမှာပဲ"

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now