ch 74

364 62 0
                                    

အခန်း ၇၄

   
"ဂြိုလ်ဆိုး?"
    လဲ့ချန် က မျက်မှောင်ကြုတ်ပြီး လျန်ရှီ ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ဆေးရုံတံခါးဝသို့သွားရာလမ်းတွင် လျန်ရှီ က အေးဆေးတည်ငြိမ်သောလေသံဖြင့်
   
   "ဂြိုလ်ဆိုးဆိုတာကို ကြားဖူးလား။ တချို့လူတွေက ကံကြမ္မာဆိုးတွေနဲ့ မွေးဖွားလာတတ်ကြတယ်။
သူတို့ကိုမွေးပြီးတာနဲ့ သူတို့အမေကို သေစေတယ် ပြီးတော့ သူတို့နဲ့နီးကပ်တဲ့ ဆွေမျိုးတွေကိုပါ သေစေတယ်။
ပိုလေးနက်အောင်ပြောရမယ်ဆိုရင် ကျွန်တော်ကလေးဘဝက ကျွန်တော့်သူငယ်ချင်းအများစုတောင် ကျွန်တော်နဲ့ နီးနီးကပ်ကပ် မနေသရွေ့ သူတို့အပေ့ါ်မထိခိုက်စေဘူးဆိုတာ သူတို ကောင်းကောင်းသိကြတယ်"

လဲ့ချန်က လျန်ရှီကို တိတ်တဆိတ်ကြည့်ကာ ဘာမှမပြော။

လျန်ရှီ က သူ့ကို တိတ်တဆိတ် ကြည့်လိုက်ပြီး ကင်းစောင့်ဘက် လှည့်ကာ "ခင်ဗျားကတော့ ဒါကို သိ လောက်တယ်မလား" လို့ ပြောလိုက်၏။

"အင်း ဒါက..."

ကင်းစောင့်ရဲ့ နှလုံးသားထဲတွင် အချက်ပေးခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး လျန်ရှီရဲ့ အကြည့်များကို ရှောင်လွှဲကာ  လဲ့ချန်ကို လှမ်းကြည့်လိုက်သည်။

ဟုတ်ပါတယ်၊ ကင်းစောင့်က  ဘဝဟာ ကြမ်းတမ်းကာ ဘေးနားရှိ လူတွေကိုအကုန်သေစေသော ဂြိုလ်ဆိုးဟုခေါ်သော လူတွေအကြောင်းကို သူကြားဖူးသည်ပင်။
   
   
သူဟာ ကျောင်းနန်လမ်းမှ မှ ပိုင်ဝူချန် ဖြစ်ရာ နှစ်ရာပေါင်းများစွာကြာအောင် နေထိုင်ခဲ့ရသဖြင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတို့၏ ရင်ဖိုစရာကောင်းသော အချစ်ဇာတ်လမ်းများကို မြင်တွေ့ခဲ့ရပြီး တစ်ယောက်တည်းနေထိုင်ပြီး ကြေကွဲဝမ်းနည်းနေသော ဝိညာဉ်များစွာကိုလည်း တွေ့ခဲ့ရသည်။ ၎င်းတို့အထဲတွင်  ကိုယ့်အပေါ်ကောင်းတဲ့ လူတွေမှန်သမျှ အကုန် သေသွား စေတတ်တဲ့ ဂြိုလ်ဆိုး ဟု အခေါ်ခံရသည့် လူတွေများစွာကိုလည်း မြင်ဖူးလေ၏။
   
   
    

သို့သော်လည်း ထိုကဲ့သော သေခြင်းတရားသည် လောက၌ မရှိ။

တစ္ဆေတိုင်း လူပြန်ဝင်စားတဲ့ အချိန်မှာ သူ့နာမည်ကို ရှင်သန်ခြင်းနှင့်သေဆုံးခြင်း စာအုပ်ထဲမှာ ရေးမှတ်ထားပြီးသားပင်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းစာအုပ်ထဲရှိ စုတ်ချက်တိုင်းမှာ သူတို့ရဲ့ကံကြမ္မာအတိုင်း ရေးဆွဲထားရာ မပြောင်းလဲနိုင်ပေ။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now