အခန်း ၈၉
ခဏတာ ထိတ်လန့်သွားပြီးနောက် လျန်ရှီ အမြန်ငြိမ်သက်သွားခဲ့သည်။
အနက်ရောင်ဆံပင်နှင့် လူငယ်လေးက တရားသူကြီး ချွေ့ ကို စေ့စေ့ကြည့်ကာ သူ့စိတ်က လျင်မြန်စွာ အလုပ်လုပ်နေလျက်။ သူ့အသံက လည်းငြိမ်သက်နေကာ- "မြင့်မြတ်တဲ့ နတ်တရားရုံးက ခန့်အပ်ထားတဲ့ မရဏလောကရဲ့ သခင်?"
တရားသူကြီး ချွေ့ က "မှန်ပါတယ်။"
လျန်ရှီ လဲ့ချန် ကို ပြန်ကြည့်လိုက်သည်။ မှိန်ဖျော့ဖျော့အလင်းရောင်တွင် တရားသူကြီး ချွေ့ ၏စကားကြောင့် လဲ့ချန်လည်း စိတ်ရှုပ်ထွေးနေပုံရ၏။
ရှင်းရှင်းပြောရရင် သူက ဘယ်သူလဲဆိုတာ သူကိုယ်တိုင်တောင်မသိပါဘူး။ သို့သော် တဖြည်းဖြည်းနှင့် ထိုလူ၏မျက်လုံးများက တရားသူကြီး ချွေ့ ကို ငုံ့ကြည့်ကာ အေးစက်သောမျက်ခုံးများကို ပင့်တင်ရင်း “ငါက ငရဲအဆင့် ဆယ့်ရှစ်အဆင့်ထပ်ကနေတက်လာတဲ့ နတ်ဆိုးမဟုတ်ဘူးပေါ့"တရားသူကြီး ချွေ့ က ထိတ်လန့်တုန်လှုပ်သွားပြီး "ဒါကို ဘယ်သူပြောရဲတာလဲ။ အရှင် ၊ က အရှင်ပိုင်ယင်ဖုန်သု ကြီးကျယ်ခမ်းနားတဲ့ မြေအောက်ကမ္ဘာရဲ့ အရှင်သခင်ပဲ!"
လဲ့ချန် - "မင်းပြောတာလေ"
တရားသူကြီး ချွေ့: "..."
တရားသူကြီး ချွေ့ က သူ့ကိုယ်သူ အဆောတလျင် ခုခံကာကွယ်ခဲ့ပါရဲ့- "အရှင် ၊ ဒီငယ်သားက အရှင့်ကို အစကတည်းက အသိအမှတ်မပြုနိုင်ခဲ့တာ နားလည်နိုင်လောက်စရာပဲ!
အားလုံးသိတဲ့အတိုင်း နတ်တရားရုံးနဲ့ မရဏတရားက စနစ်နှစ်ခုဖြစ်ပြီး နှစ်ခုစလုံးက အနှောင့်အယှက်မပေးဘူး။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ ဝင်မစွက်ဖက်နိုင်ပါဘူး!"အားလုံးသိတယ်...ဒါပေမယ့် ငါတို့အဖွဲ့ မသိဘူး။ အားလုံးက စိုးရိမ်တကြီးနှင့် ချွေးစေးများထွက်နေသော တရားသူကြီး ချွေ့ ကို ကြည့်နေကြသည်။
တရားသူကြီး ချွေ့ က ဆက်ပြောလာ၏– “အရှင်ဘုရား၊ နတ် တရားရုံးသည် လောက၌ အထက်တန်းအရာရှိတွေကို ခန့်အပ်တာနဲ့ ထုတ်ပယ်တာမှာ အမြဲပါဝင်ပတ်သက်ကြောင်းကိုလည်း ကျွန်တော်မျိုးသိပါတယ်။ ယာမ နန်းတော် ဆယ်ခုအနက် ခုနစ်ခုက နတ်ဘုရားတွေကနေ တိုက်ရိုက်ခန့်အပ်တာ၊ ဖြုတ်ချတာ လုပ်ခဲ့တဲ့အပြင် မြင့်မြတ်တဲ့နတ်တရားရုံးနဲ့ ပိုင်ယင် မဟာဧကရာဇ် ဖုန်သု အရှင် တွေတိုင်း ကလည်း မြင့်မြတ်တဲ့တရားရုံးရဲ့ နတ်ဘုရားများတွေပါ။"
YOU ARE READING
{COMPLETED} Can't save the world by pretending to be dead
HorrorAuthor(s) Mo Chen Huan 莫晨欢 Artist(s) N/A Year 2020 Status in COO 110 Chapters (Complete)