ch 100

228 43 1
                                    

အခန်း 100

ဝမ်ယွယ်ချင်း ကိုတွေ့သောအခါ  လျန်ရှီ နှင့် အခြားသူများက သူ့အရင်ဘဝက ဤနတ်ဘုရားက သူ့မှတ်ဉာဏ်ကို ပြန်လည်ရရှိနေပြီဟု ထင်ခဲ့ကြသည်။

ပိန်ပိန်ပါးပါး လူငယ်လေးက တံခါးဝတွင် အေးအေးဆေးဆေး လျှောက်လှမ်းလာခဲ့တဲ့ ဟန်မှာ မွေးဖွားကတည်းက ပြည့်ပြည့်စုံစုံ နေတာခဲ့သော ယုံကြည်မှုတို့က ပေါ်လွင်နေရုံသာမက  နတ်ဘုရားများနှင့်သာ သက်ဆိုင်သည့်ဖော်မပြနိုင်သော  အသွင်အပြင်လည်း ရှိနေခဲ့ပါရဲ့။

သို့သော်……

လဲ့ချန် က မျက်ခုံးပင့်လိုက်ပြီး "မင်းမှတ်ဉာဏ် ဘယ်လောက်ထိပြန်ရလာပြီလဲ"

ပိုင်သိ သာ သူ့အရင်ဘဝက အဖြစ်အပျက်တွေကို  အကုန်လုံး မှတ်မိနေတယ်ဆိုရင်  မွှေးထောက်ပြပြီး  မြင်သမျှ နတ်သမီး တိုင်းကို သူလှလား လိုက်မေးနေတဲ့ မိုက်မဲတဲ့ ငှက်တစ်ကောင်ဟု သူ့ကိုယ်သူပြောနေမှာ မဟုတ်။

ဝမ်ယွယ်ချင်း ၏အမူအရာပြောင်းလဲသွားကာ နောက်ဆုံးတွင် ၎င်းက " အပိုင်းအစတွေပဲ မှတ်မိတာ" ဟု ရိုးရိုးသားသား အော်ဟစ်ပြောဆိုခဲ့လျက်။

ထိုအချိန်တွင် သူကဖျော့တော့ မျက်နှာနှင့် သူ့အဘိုးကို ကြည့်လာခဲ့သည်။

တစ်ချိန်က ရှော့ပင်းမောလ်ကို ကြီးစိုးခဲ့သော်လည်း ယခုအခါ  ဦးခေါင်း၌ ဆံပင်ဖြူများ ပြည့်နေသောရှိနေတဲ့ အဘိုးအိုက လက်တင်ကုလားထိုင်ပေါ်တွင်သာ ပြန်ထိုင်နေခဲ့၏။ ကုတင်ပေါ်တွင် အိပ်ပျော်နေသော အကြီးဆုံးမြေးဖြစ်သူကိုလည်းကောင်း၊ ဟိုးရှေးရှေးကတည်းက သေဆုံးသွားခဲသင့်ပြီ ဖြစ်သော မြေးငယ်ကိုလည်းကောင်း ကြည့်မလာခဲ့ပေ။ သူ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မျက်လုံးများကို မှေးထားကာ သူ၏အမူအရာမှာလည်း တည်ကြည်ခဲ့လျက်သား

သူက ဘာမှ မပြော၊ ဘာမှ မလုပ်လာခဲ့။

သို့သော်လည်း သူအသံတိတ် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံပါပဲ။

ဝမ်ယွယ်ချင်းက တိတ်တဆိတ် အကြည့် လွဲသွားခဲ့သည်။

လျန်ရှီ လူငယ်လေး၏ မပြောင်းလဲသော အမူအရာကို ကြည့်လိုက်ရာ ရုတ်တရက် ယခင်ကထက် မတူသော အရာတစ်ခု ရှိနေသည်ကို ခံစားလိုက်ရ၏။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now