ch 106

239 46 2
                                    

အခန်း ၁၀၆

"ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကျမ်းမှာ ရေးထားတဲ့အတိုင်းဆို လျန်ကျင်း...  အရှင့်ရဲ့အဘိုးကက 1949 မှာမွေးပြီး 2003 မှာ ဆုံးပါးသွားခဲ့တယ်။ သူ့ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကျမ်းမှာ မှတ်တမ်းတင်ထားတဲ့အရာက ကွာခြားမှုမရှိပါဘူး။ သေဆုံးရခြင်းရဲ့ အကြောင်းရင်းက အဆောက်အဦတစ်ခုမှ ခုန်ချတာကနေ မတော်တဆ သေဆုံးမှုအဖြစ်ကို ပြောင်းလဲသွားတာ တစ်ခုပဲ။”

တရားသူကြီး ချွေ့ က “ဒီငယ်သားက သူရဲ့ အတိတ်ဘဝ (၃) ခုကို စစ်ဆေးခဲ့တယ်။ ထူးထူးခြားခြား ဘာမှမတွေ့ခဲ့ရဘူး။"

လျန်ရှီ သူ့မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားလိုက်သည်။

တရားသူကြီး ချွေ့မှာ လျန်ရှီ ၏အဘိုးဖြစ်သူသေဆုံးသွားပြီးနောက် နတ်ဘုရားနှစ်ပါးဖြစ်သည့် ပိုင်သိ  နှင့် ကျီဆွေ့ နတ်ဘုရား တို့၏ လူဝင်စားခြင်းကို အမှန်တကယ်ဖြစ်စေပါက လျန်ရှီ ၏အဘိုးဖြစ်သူသေဆုံးသွားခြင်းက စုကျိုးမြို့ တွင် မူမမှန်မှုတစ်ခုဖြစ်ပေါ်လာစေသည်ကို တရားသူကြီး ချွေ့ က အမှန်တကယ်တွေးမြင်ခဲ့သည်။ သို့သော်..ဒီကိစ္စက ထိုအဘိုးနဲ့ ဘာမှမဆိုင်ပေ..။

ဒါကြောင့်……

"ကျွန်တော်ကဘယ်သူလဲ?"

ထိုစကားလုံး ကျဲကျဲတွေ ထွက်လာပြီးနောက် အခန်းထဲက တစ္ဆေတွေနဲ့ နတ်ဘုရားတွေကပါ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အဖြေမထုတ်နိုင်ခဲ့ကြ။

လွန်ခဲ့တဲ့ ဆယ်ရက်က၊ တရားသူကြီး  ချွေ့ ဆိုလျှင်တစ်နေ့တွင် သေမျိုးတစ်ယောက်က  သူမည်သူဖြစ်ကြောင်းကို ဤကဲ့သို့ ပြင်းထန်သော လေသံဖြင့် အမေးခံရလိမ့်မည်ဟု သူဘယ်လိုမှထင်ထားခဲ့မည် မဟုတ်ချေ။ သို့သော် လျန်ရှီ က မမေးရင်တောင် သူလည်းစဉ်းစားသင့်သည်ဟုလည်း သူထင်ခဲ့၏။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကျမ်းမှာတောင် မှတ်တမ်းတင်မထားသောသူကား မည်သူနည်း။

ရုတ်တရက် တရားသူကြီး ချွေ့ အံ့သြသွားခဲ့သည် ။

လျန်ရှီ မရဏကမ္ဘာတစ်ခုလုံးရှိ  ရှားပါးရှားပါးးအားကိုးအားထားပြုရသော ဤလူကို တစ်ချက်ကြည့်လိုက်ပြီး အံ့အားသင့်စွာဖြင့် "တရားသူကြီး ချွေ့၊ ခင်ဗျားဘာတွေတွေးနေတာလဲ"

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now