အခန်း ၈ – ဟေ့၊ တစ်စုံတစ်ယောက် လိုင်းကျော်နေတယ်။
"မင်း ခေါင်းထောင်ရဲသေးလား။ မင်း ခေါင်းပြန်ငုံ့လိုက်!"
နံနက် ၃ နာရီတွင် စုကျိုးမြို့ ဝူမန်ရဲစခန်း၏ တံခါးများပွင့်လာပြီး ဆူညံသံများ ထွက်ပေါ်လာသည်။
ရန်ဖြစ်နေကြသော အရက်မူးသမားများနှင့် အရက်သောက်ပြီးကားဖြင့်တိုက်မိသော အမူးသမားတို့ဖြင့် ဆူညံပွက်လောရိုက်နေဆဲပင်။
ထောင့်တစ်နေရာတွင် လျန်ရှီ နှင့် စုကျောင်း တို့သည် ခေါင်းကိုငုံ့ထားပြီး ကြမ်းပြင်ပေါ်တွင် နာခံစွာ ဒူးထောက်လိုက်ကြသည်။
ခေါင်းငုံ့ပြီး ကိုယ့်ကိုယ်ကို အပြစ်ပြန်လည်သုံးသပ်နေရ၏။
ရဲက သူ့လက်တွေကို ခါးနောက်ချိတ်ပေါ်တင်ပြီး သူတို့ရှေ့မှာ လှည့်ပတ်နေကာ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် စုကျောင်း က ခေါင်းမော့ပြီး သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် "မင်း သတ္တိ တွေအရမ်းရှိ နေသေးလား!?"
စုကျောင်း: "...."
ဝူဝူး…. ဒါက ဘယ်လိုအခြေအနေဆိုးကြီးလဲ။
သူ့အနားတွင် လျန်ရှီက ခေါင်းကို တိတ်တဆိတ် ငုံ့လိုက်ပြီး- မင်းငါ့ကို မမြင်ရဘူး၊ မင်း ငါ့ကို မမြင်နိုင်ဘူး...
အရာရှိဟောင်းသည် ထိုလူငယ်နှစ်ယောက်၏ နောက်ကျောဘက်ကို အချိန်အတော်ကြာအောင် ကြည့်ပြီးနောက် ပြုံးပြီးပြောလာ၏။
"ရဲတွေကို အရူးတွေလို့များ မင်းတို့ထင်နေတာလား။ မင်းရဲ့အွန်လိုင်း ပေါ်ကသူငယ်ချင်းက သတ်သေချင်နေတာဆို မင်းရဲ့အွန်လိုင်းသူငယ်ချင်းက ဘယ်သူလဲ ငါ့ကိုပြော။ မင်းရဲ့အွန်လိုင်းသူငယ်ချင်းကို ဘယ်ပရိုဂရမ်နဲ့တွေ့တာလဲ။ Weixin၊ QQ ဒါမှမဟုတ် TanTan၊ MoMo လား။လျန်ရှီ အံ့သြသွားသည်။ မသိစိတ်ဖြင့် ခေါင်းကို မော့လိုက်သည်။ "တန်တန်၊ မိုမိုကို တကယ်သိတယ်ပေါ့"
ရဲဟောင်းတွေက သူ့ကို စိုက်ကြည့်နေကာ။ "မင်းစကားပြောရဲသေးတာလား။ ခေါင်းပြန်ငုံ့ထား!"
လျန်ရှီ: "……"
ရဲ “ငါတို့ အခု မသိတဲ့ဟာ ဘယ်လိုရှိနိုင်မှာလဲ။ လတိုင်းလတိုင်း အွန်လိုင်းမှာ တစ်ယောက်ယောက်က လိမ်သွားတာ ဒါမှမဟုတ်သေသွားတယ်လို့ ရဲကို သတင်းပို့တဲ့ တိုင်စာတွေ ဒီနေရာကို မနည်းမနောကို ရောက်နေကြ။
မင်းအွန်လိုင်းသူငယ်ချင်းက တကယ်ပဲသတ်သေချင်တာလို့ ပြောလာတယ်ထားအုံး
မင်းရဲ့ဘယ်သူငယ်ချင်းက ဘယ်ကနေပြောတာလဲ
မင်းက DouYa IDလေးတစ်ခုနဲ့ လာပြတော့ ငါတို့က ဘာကိုကြည့်ရမှာလဲ?
မင်းရဲ့ စကားတစ်ခွန်းနဲ့ငါတို့က ယုံကြည်ပေးရမှာလား
YOU ARE READING
{COMPLETED} Can't save the world by pretending to be dead
TerrorAuthor(s) Mo Chen Huan 莫晨欢 Artist(s) N/A Year 2020 Status in COO 110 Chapters (Complete)