ch 76

299 68 1
                                    

အခန်း ၇၆

   

ကျောင်းနန်လမ်းဟေးဝူချန် လူကိုယ်တိုင်ကို သူတို့   မျက်လုံးနဲ့ မမြင်ခင်အထိ လျန်ရှီ  နဲ့ လဲ့ချန် တို့ သူ့အပေါ် အထင်အမြင်က စကားတစ်ခွန်းသာ- ခေါင်းစိမ်း။

ထို့အပြင် သူ့ကိုဖော်ပြရန် စကားလုံးသုံးလုံးကို သုံးနှုန်းနိုင်သေးသည်- ဆိုးဝါးကာ၊ ယောက်ျားမိန်းမမရွေး အနိုင်ကျင့်တတ် ၊ မရဏနိုင်ငံ၌ သားရဲကြီး ဟူ၍။

နောက်ဆုံးစကားမှာ လျန်ရှီ နှင့် လဲ့ချန်တို့ တွေးထားပုံမဟုတ်သော်လည်း  ဝမ်ကျိုး တစ္ဆေအရာရှိ  နှင့် ကင်းစောင့်တို့ စကားပြောနေချိန်တွင် ၎င်းတို့နှစ်ဦးစလုံး  ကျောင်းနန်လမ်းဟေးဝူချန်ကို ဖော်ပြရန်အတွက် ဤစကားလုံးကို အသုံးပြုခဲ့လေ၏။

"အဲဒါ သားရဲကြီးပဲ!"
   
လူအများစု အထင်လွဲတတ်ကြတဲ့ အရာတစ်ခု ရှိလေသည်။
မိန်းကလေးတွေကို လုယက်တဲ့အနိုင်ကျင့်တတ်တဲ့သူတွေမှန်သမျှက ရုပ်ဆိုးတယ်ဟူ၍ ထင်နေတတ်ကြကာ 'ချောနေရင် ဘာလို့ အတင်း လုယက်အနိုင်ကျင့်စရာ လိုမှာလဲ' လို့ တွေးတတ်ကြ‌၏။

ဤကြိုတင်ထင်မြင်ယူဆချက်အောက်တွင် ကင်းစောင့်ရဲ့ကိုယ်ပိုင်အသွင်အပြင်နှင့် တွဲလျက် လျန်ရှီ သည်လည်း  ကျောင်းနန်လမ်းဟေးဝူချန် က ရုပ်ခပ်ဆိုးဆိုး အနိုင်ကျင့်သူဖြစ်သင့်သည်၊ အနည်းဆုံး သူ့အသွင်အပြင်က  သာမနိအဆင့်အောက်ဖြစ်သင့်သည်ဟုပင် လျန်ရှီရဲ့ မသိစိတ်က ခံစားခဲ့ရသည်။
    ထို့ကြောင့် တစ်ဖက်လူ၏ ပိတ်ဆို့ခြင်းကို ခံရသည့်အခါ သဲလွန်စများအားလုံးကို သူ့ရှေ့တွင် ချပြပြီးသည့်တိုင်အောင် သူသည် အမှန်တကယ်ပင် ကျောင်းနန်လမ်းဟေးဝူချန် ဖြစ်သည်ကို မတွေးမိခဲ့ ။

လဲ့ချန်: "မင်းတို့ ရုပ်ကဘာလို့ဒီလောက် မတူနေရတာလဲ?"

ကင်းစောင့်- "???"

လဲ့ချန် က တကယ်ကို စူးစမ်း လေ့လာပြီးနောက် "မင်းတို့က ရုပ်တူသင့်တာမဟုတ်ဘူးလား?"

ကင်းစောင့်: "..."

ငါသာ မင်းကို အနိုင်ယူနိုင်ရင် မင်းအုတ်ဂူပေါ်က မြက်ပင်က အခုဆို နှစ်မီတာ ရှိနေလောက်ပြီ။
  

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now