ch 41

427 70 1
                                    

အခန်း ၄၁

လျန်ရှီက အိမ်တွင်ကျန်ရစ်ခဲ့သော ဟေးဝူချန် အကြောင်း တွေးနေသေးသဖြင့် ချီကျင့် နှင့် စကားစမြည်ပြောပြီး နှုတ်ဆက်ကာ တက္ကစီစီး၍ အိမ်ပြန်ခဲ့သည်။

အိမ်ပြန်ရောက်တော့ ညနေ ခြောက်နာရီ ထိုးနေပြီပင်။

အောက်တိုဘာလတွင် နေဝင် ချိန်ကပို၍ စောလာခဲ့သည်။ လျန်ရှီ အိမ်ပြန်ရောက်သောအခါ အခန်းသည် လုံးဝမှောင်နေလျက်။ သူ အံ့အားသင့်သွားပြီး ဧည့်ခန်းရှိ မီးကိုဖွင့်ကာ "လဲ့ချန်?"

ဘယ်သူကမှ ပြန်မဖြေဘဲ သူ့အသံကသာ အိမ်ထဲမှာပဲ့တင်ထပ်နေ၏။

လျန်ရှီ သူ့ အိမ်စီးဖိနပ်ကိုစီးကာ နောက်ဆုံးတွင် အိပ်ခန်းအတွင်းရှိ ကုတင်ပေါ်တွင် ထိုင်နေသည့် ဟေးဝူချန် ကို တွေ့ရှိခဲ့သည်။

အလင်းရောင်မှိန်မှိန် အခန်းလေးထဲတွင် ပြတင်းပေါက်မှ အလင်းရောင်တစ်လေးသာ အခန်းထဲသို့ လင်းနေ စေသည်။ ကုတင်ရှေ့က ဧရိယာသေးသေးလေး၌သာ လင်းထိန်နေပြီး ကုတင် ပေါ်မှာ ထိုင်နေတဲ့ ဟေးဝူချန်က်ိုလည်း မှုန်ဝါးဝါးသာ မြင်နေရ၏။

ဤအိမ်တွင် စုစုပေါင်း အိပ်ခန်း လေးခန်းရှိသည်။ လျန်ရှီ နှင့် စုကျောင်း တို့က ပိုကြီးသော မာစတာအိပ်ခန်းနှစ်ခန်းတွင် နေထိုင်ကြပြီး ရောက်ချိန်နောက်ကျသော လဲ့ချန်က ဒုတိယအိပ်ခန်းငယ်တွင် နေထိုင်ခဲ့သည်။ အတိအကျပြောရလျှင် ၎င်းက ကလေးအခန်းဖြစ်သင့်သည်။ နံရံပေါ်တွင် ကာတွန်းအရုပ်များ၏ အထူးပုံစံစတစ်ကာများစွာရှိနေ၏။ အခန်းထဲတွင် ပစ္စည်းများစွာမရှိသော်လည်း သန့်ရှင်းပြီး ရိုးရှင်းကာ စားပွဲတစ်လုံး၊ ဗီရို၊ ကုလားထိုင်နှင့် ကုတင်တစ်လုံးသာရှိသည်။

သူ ဒီအခန်းထဲမှာ အချိန်အတော်ကြာနေခဲ့ပေမယ့် လဲ့ချန်လည်း ဟာ ဒီပရိဘောဂကို တစ်ခါမှ အသုံးမပြုဖူးဘူးလို့ ထင်ရလေ၏။ စားပွဲပေါ်တွင် ဘာမျှမရှိ၊ ကုလားထိုင်များကို သေ သေသပ်သပ် ထားထားသောကြောင့် ထိုင်ထားကြသည့် အရိပ်အယောင်များ မတွေ့ရပေ။ ဗီရိုကလည်း ဗလာဖြစ်ပြီး ကုတင်ပေါ်တွင် စောင်အချို့ရှိသော်လည်း အိပ်ရာနေရာကလည့်  အလွန်ပြန့်နေသည်။

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now